DVB Logo
Home
မြန်မာသတင်း
ဇူလိုင်လလယ်ခန့် မိုးစပါးရေ စတင်ပေးဝေမည်
DVB
·
June 22, 2020
ဇူလိုင်လလယ်ခန့် မိုးစပါးရေ စတင်ပေးဝေမည်
Donate to DVB

လာမယ့် ဇူလိုင်လလယ်လောက် မိုးစပါးရေ စတင်ပေးဝေဖို့အတွက် စီစဉ်နေတယ်လို့ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူတယောက်က ဆိုပါတယ်။

နွေစပါးရာသီ ပြီးသွားတာကြောင့် မိုးစပါးအတွက် ပျိုးထောင်တာ၊ မြေပြင်တာ လုပ်နိုင်ဖို့ ဝင်ရေတွေ စုဆောင်းနေတယ်လို့ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကိုက ဒီဗွီဘီကို စာနဲ့ ပေးပို့ဖြေကြားထားတာပါ။

မုတ်သုံစဝင်နေပြီဖြစ်တာကြောင့် တချို့ဒေသတွေမှာ စီးဝင်ရေပမာဏ အတော်အသင့် စုဆောင်းရထားပြီဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်မိုးရာသီက ရေအဝင်နည်းခဲ့တဲ့ သဖန်းဆိပ်ရေလှောင်တမံမှာလည်း အခုဇွန်လထဲမှာ စီးဝင်ရေဧက ၁ သိန်းခွဲကျော်ဝင်ခဲ့တာကြောင့် အခု ရေလှောင်ပမာဏ ၅၃၀၀၀၀ ကျော် ဝင်ရောက်နေပြီလို့ ဆိုပါတယ်။

ဆည်ရေကို အကျိုးရှိရှိသုံးနိုင်ဖို့အတွက် ရေအသုံးချသူများအဖွဲ့ (Water User Group-WUG)ကို ရေလှောင်တမံတခုချင်း၊ ရေပေးမြောင်းတခုချင်းစီအလိုက် တနိုင်ငံလုံးအတိုင်းအတာနဲ့ အဖွဲ့ပေါင်း ၂၀၀၀ ကျော် ဖွဲ့စည်းပေးထားတယ်လို့ ဖြေကြားထားပါတယ်။

သဖန်းဆိပ်ရေလှောင်တမံဟာ ကန်ရေပြည့်ဆိုရင် ရေလှောင်ဧကပေ ၂၈ သိန်းလောက် သိုလှောင်နိုင်ပြီး ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်း၊ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်း၊ အရာတော်၊ ဘုတလင်မြို့နယ်တို့ကို ရေပေးနေတာ ဖြစ်ပါတယ်။

မနှစ်ကတော့ အဲဒီဆည်ရေနဲ့ မိုးစပါး ဧက ၅ သိန်းလောက် စိုက်ပျိုးနိုင်ခဲ့ပါတယ်။

ကန့်ဘလူဒေသခံတယောက်က “ဇွန်လကုန်မှာ ပျိုးထောင်ရေပေးမယ်လို့ မြောင်းဦးစီး (လယ်သမားထဲက ဆည်ရေနဲ့ပတ်သက်တဲ့တာဝန်ခံ) တွေကို ဆည်မြောင်းက အကြောင်းကြားထားတယ်။ ခုတော့ တချို့က လယ်ကြားက ကန်ရေတို့၊ ၅ ပေါက်တွင်း၊ ၄ ပေါက်တွင်း (တနေရာတည်းမှာ ပိုက် ၄ လုံး၊ ၅ လုံး ချထားတဲ့တွင်းတိမ်) တွေနဲ့ တင်ကြတော့ တချို့ကတော့ ပျိုးထောင်ထားကြပြီ။ ပုံမှန်ဆို ဒီအချိန်က ပျိုးထောင်ချိန်ဖြစ်ပေမယ့် အားလုံးနီးပါးက ပျိုးမထောင်ကြရသေးပါဘူး” လို့ ပြောပါတယ်။

လယ်သမားတွေအနေနဲ့ ရာသီဥတုကိုကြည့်ပြီး စိုက်နေရတာကြောင့် အရင်က သက်ကြီးစပါးတွေ စိုက်ခဲ့ကြပေမယ့် အခုတော့ သက်ငယ်စပါးတွေပဲ ပြောင်းလဲ စိုက်နေကြရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013