DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသား ၂၅၀  ဦးကို လန်ဒန်မှ ရန်ကုန်သို့ တိုက်ရိုက် အထူးလေယာဉ်ဖြင့် ပြန်ခေါ် 
DVB
·
June 22, 2020
မြန်မာနိုင်ငံသား ၂၅၀  ဦးကို လန်ဒန်မှ ရန်ကုန်သို့ တိုက်ရိုက် အထူးလေယာဉ်ဖြင့် ပြန်ခေါ် 
Donate to DVB

ဗြိတိန်နိုင်ငံနဲ့ တခြားဥရောပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာသင်္ဘောသားတွေနဲ့  မြန်မာနိုင်ငံသားတွေ စုစုပေါင်း ၂၅၀  ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဗြိတိန်နိုင်ငံရှိ ဆိပ်ကမ်းတွေမှာ ကျောက်ချရပ်နားထားတဲ့ သင်္ဘော ၉ စင်းနဲ့ ဘရာဇီးလ်နဲ့ ဂျာမနီနိုင်ငံမှာ တာဝန်ထမ်းဆောင်ပြီးနောက် နေရပ်ပြန်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာသင်္ဘောအမှုထမ်း  ၁၇၈ ဦးနဲ့  ဗြိတိန်ရောက် မြန်မာနိုင်ငံသား ၇၂ ဦး  စုစုပေါင်း ၂၅၀ ဦးကို ကာတာလေကြောင်းလိုင်း(Qatar Airways) ကယ်ဆယ်ရေးလေယာဉ်နဲ့ လန်ဒန်ကနေ တိုက်ရိုက် ပြန်လည်ပို့ဆောင်ခဲ့ရာမှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိလာပါတယ်။

ပြန်ရောက်လာသူတွေကို ကျန်းမာရေးစစ်ဆေးပြီး သတ်မှတ်နေရာတွေမှာ  (၂၁) ရက်တာ အသွားအလာ ကန့်သတ်စောင့်ကြပ်  quarantine ထားရှိမှာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလ အိမ်ပြန်ဖို့ အခက်ကြုံနေတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာသံရုံးတွေရဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှုနဲ့ ကယ်ဆယ်ရေးလေယာဉ်တွေ အထူးလေယာဉ်တွေနဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးနေရာမှာ ဇွန်လ ၂၂ ရက်အထိ  မြန်မာသင်္ဘောသား စုစုပေါင်း ၁,၀၀၀ ဦးခန့်အား ပြန်လည်ခေါ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ဓာတ်ပုံ- MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013