DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ကလေး ၈ ဦးထိ ရှိလာ
DVB
·
June 22, 2020
ပုသိမ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ကလေး ၈ ဦးထိ ရှိလာ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပြီး ပုသိမ်ပြည်သူ့ဆေးရုံကြီးကို ရောက်ရှိလာသူ ဇွန်လ ဒုတိယပတ်အထိ ကလေး ၈ ဦးရှိတယ်လို့ ဆေးရုံအုပ်ကြီးက  ဒီဗွီဘီကို ပြောပါတယ်။

“ခုချိန်ထိတော့ သွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံရောက်လာတာ ၈ ဦးရှိပါတယ်။ အားလုံးက တော့ ကလေးတွေပါ။ အရမ်းတော့ မဆိုးပါဘူး၊ အဆင့် ၁ နဲ့ အဆင့် ၂ လောက် ဖြစ်ပါတယ်။ အရမ်းဆိုးတဲ့ အဆင့် ၃ တို့ ၄ တို့ မရှိသေးပါဘူး” လို့ ပုသိမ်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ အဓိက ခြင်ကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပြီး ခြင်ကိုနိုင်ရင် ရောဂါကိုနိုင်မှာဖြစ်ကြောင်း၊ ရောဂါစတင်ဖြစ်ပွားတဲ့ ရာသီတွေဖြစ်တဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေမှာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ဆောင်ပုဒ်အတိုင်း လိုက်နာကျင့်သုံးခြင်းနဲ့ ရောဂါကို ကြိုတင်ကာကွယ်နိုင်မယ်လို့ ဆိုပါတယ်။

သွေးလွန်တုပ်ကွေး ဖြစ်ပွားနိုင်တဲ့ ခြင်တွေကို ပိုးလောက်လန်းအဆင့်မှာကတည်းက ထိန်းချုပ်နိုင်ဖို့အတွက် မြို့နယ်အတွင်းက ရပ်ကွက် ကျေးရွာတွေမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတအသင်းအဖွဲ့တွေ ပူးပေါင်းပြီး အဘိတ်ဆေးတွေကို နေအိမ်တွေက ရေလှောင်ကန်တွေမှာ လိုက်လံခတ်ပေးနေပါတယ်။

အဘိတ်ဆေးခတ်တာကြောင့် ပိုးလောက်လန်း မပေါက်အောင် လပေါင်းများစွာ ထိန်းချုပ်ထားနိုင်လို့ ပြည်သူတွေအနေနဲ့ နေအိမ် ရေလှောင်ကန်တွေမှာ အဘိတ်ဆေး မခတ်ရသေးရင်း ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်ပြီး အဘိတ်ဆေးခတ်တာတွေ လုပ်ဆောင်ကြဖို့ ဆေးရုံအုပ်ကြီးက မေတ္တာရပ်ခံလိုက်ပါတယ်။

လက်ရှိအချိန်ထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၈ ဦးဟာ မြို့ပေါ်မှာဖြစ်ပွားမှုထက် ကျေးရွာတွေမှာ ပိုများနေပြီး ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာတော့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလို့ ဆေးရုံလာတက်သူ မြို့ပေါ်က နည်းပြီး နယ်ဆေးရုံတွေကလွဲလို့ ရောက်ရှိလာတာ ပိုးများတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ ဇန်နဝါရီလဆန်းကနေ မေလကုန်အထိ သွေးလွန်တုပ်ကွေးဖြစ်သူ ၁၅၀၀ လောက်ရှိပြီး ၁၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ ဇန်နဝါရီကနေ နိုဝင်ဘာနောက်ဆုံးပတ်အထိ သွေးလွန်တုပ်ကွေး ဖြစ်သူ ၂၅,၀၀၀ လောက်ရှိပြီး ၁၂၀ ကျော် သေဆုံးခဲ့ပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013