DVB Logo
Home
မြန်မာသတင်း
လူနာအမှတ် ၂၄၄ ကို ဒုတိယအကြိမ်စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
DVB
·
June 22, 2020
လူနာအမှတ် ၂၄၄ ကို ဒုတိယအကြိမ်စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဒုတိယမြောက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် ၂၄၄ ကို ဒုတိအကြိမ်စစ်ဆေးရာမှာ ပိုးမတွေ့ရှိဘူးလို့ မောင်တောခရိုင်ကျန်းမာရေးဌာနက ပြောပါတယ်။

ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက “လူနာအမှတ် ၂၄၄ ကို ဒုတိယအကြိမ်စစ်ဆေးရာမှာ Negative ပြပါတယ်။ အခု တတိယအကြိမ် စစ်ဆေးဖို့ ပို့ဆောင်ထားပါတယ်။ Negative ပြပြီး ၄၈ နာရီအတွင်း ထပ်မံပို့ဆောင်ရတာပါ။ တတိယအကြိမ် ပိုးမတွေ့တာနဲ့ သူ့ကို Facility Quarantine ထဲ ပြန်ထည့်သွားရမှာဖြစ်တယ်။ ၂၁ ရက်နေပြီး ဘာရောဂါလက္ခဏာထပ်မပြရင် အိမ်ပြန်ရမယ်” လို့ ပြောပါတယ်။

လူနာအမှတ် ၂၄၄ နဲ့ ထိတွေ့ခဲ့သူ ၃၉ ဦးအား လှဖိုးခေါင်ယာယီ ပြန်လည်လက်ခံရေးစခန်းမှာ Facility Quarantine ထားရှိပြီး ပထမအကြိမ် ဓာတ်ခွဲစစ်ဆေးရာမှာ အားလုံး Negative ဖြစ်ခဲ့ပါတယ်။

သူတို့အား Facility Quarantine ၂၁ ရက်မပြည့်မီ ဒုတိယအကြိမ် ပြန်လည်စစ်ဆေးသွားမယ်လို့ ခရိုင်ကျန်းမာရေးဌာနက သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် လူနာအမှတ် ၂၄၄ ဟာ မေလ ၃၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာပြီး မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာမှာ နေထိုင်ခဲ့တဲ့အတွက် ကျန်းမာရေးဌာနက တရွာလုံးကို Home stay နေထိုင်ခိုင်းထားတာပါ။

လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013