DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၇၆၁ ခု စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ လူနာ ၂၉၀ တွင် ပိုးကင်းစင်သူ ၂၀၀ ရှိလာ
DVB
·
June 22, 2020
ဓာတ်ခွဲနမူနာ ၇၆၁ ခု စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ လူနာ ၂၉၀ တွင် ပိုးကင်းစင်သူ ၂၀၀ ရှိလာ
Donate to DVB

ဇွန် ၂၁ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၇၆၁ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၅၆၆ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) က ဓာတ်ခွဲနမူနာ ၁၉၅ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၇၆၁) ခုအား စစ်ဆေးခဲ့တာပါ။

မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၈၀၉ ခု စစ်ဆေးရာမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃ ဦး တွေ့ရှိခဲ့ပါတယ်။

လူနာသစ် ၃ ဦးကတော့ ပဲခူးတိုင်း လက်ပံတန်းမြို့နယ်က အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ နေပြည်တော် လယ်ဝေးမြို့နယ်က အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်က အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ပြီး အားလုံးဟာ အသွားအလာ ကန့်သတ်စောင့်ကြည့်ခံထားရသူတွေ ဖြစ်ကြပါတယ်။ 

မြန်မာနိုင်ငံတဝန်းမှာ ဇွန် ၂၂ ရက် မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာအယောက် ၂၉၀၊ သေဆုံးသူ ၆ ယောက်၊ ရောဂါပိုးကင်းစင်လာသူအယောက် ၂၀၀ နဲ့ ဒီအထဲက ဆေးရုံက ဆင်းခွင့်ပြုခဲ့သူ ၁၈၃ ဦးရှိတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013