DVB Logo
Home
မြန်မာသတင်း
ဖျာပုံမြို့တွင် ဆရာ၊ ဆရာမ ၁၂၀၀ ကျော်ကို ကိုဗစ်-၁၉ ကာကွယ်ရေးပညာပေး သင်တန်းပို့ချ
DVB
·
June 21, 2020
ဖျာပုံမြို့တွင် ဆရာ၊ ဆရာမ ၁၂၀၀ ကျော်ကို ကိုဗစ်-၁၉ ကာကွယ်ရေးပညာပေး သင်တန်းပို့ချ
Donate to DVB

ဧရာဝတီတိုင်း ဖျာပုံမြို့၊ သီရိ အဏ္ဏဝါခန်းမနဲ့ အ.ထ.က (၂) မှာ ဆရာ၊ ဆရာမ ၁၂၀၀ ကျော်ကို ဒီနေ့မနက်က စတင်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးသင်တန်း ပေးနေပါတယ်။

ကိုဗစ်ကာလမှာ ကျောင်းတွေပြန်ဖွင့်ရင် ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကို စနစ်တကျ ကာကွယ်ထိန်းချုပ်နိုင်ဖို့ သင်တန်းပေးရတာလို့ ဖျာပုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာသိန်းထွန်းဝင်းက ပြောပါတယ်။

“ဒီနေ့ကျင်းပတဲ့ Grade-4 အခြေခံဆရာ၊ ဆရာမများကို မွမ်းမံတဲ့သင်တန်းမှာ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီးတော့ အသိပညာပေးတဲ့လုပ်ငန်းပေါ့။ အရေးကြီးဆုံးက ကျောင်းသားတွေ ကျောင်းခန်းထဲမဝင်ခင် နည်းစနစ်မှန်ကန်စွာ ကိုယ်ပူချိန်တိုင်းနိုင်ဖို့၊ စနစ်တကျ Mask တပ်နိုင်ဖို့၊ နည်းစနစ်မှန်ကန်စွာ စက္ကန့်  ၂၀ လက်ဆေးတတ်ဖို့ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်တွေအတိုင်း တသဝေမတိမ်း လိုက်နာ ဆောင်ရွက်ဖို့၊ ကိုဗစ်ကာလမှာ ကျောင်းတွေပြန်ဖွင့်ရင် ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကို စနစ်တကျ ကာကွယ်ထိန်းချုပ်နိုင်ဖို့ သင်ကြာပို့ချပေးနေပါတယ်။''

သင်တန်းတက်ရောက်နေတဲ့ ဆရာမ သင်းနုဆွေက "သင်တန်းက ရရှိလာတဲ့ ကျန်းမာရေးအသိပညာ၊ ဗဟုသုတတွေနဲ့ ကျောင်းတွေ ပြန်ဖွင့်ရင် ကျောင်းတွေမှာ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ဖို့စနစ်တကျ ပြန်လည်ဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး ကျန်းမာရေးသင်တန်းကို (Grade-4) သင်ရိုးသစ် သင်တန်းတက်ရောက်နေတဲ့ ဆရာ ဆရာမ ၁၂၉၀ ကျော် တက်ရောက်နေတာလို့ သိရပါတယ်။

ကျော်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013