DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ပလက်ဝတွင် စစ်ဘေးရှောင်နှင့် ဒေသခံ ၆ သောင်းခန့် စားဝတ်နေရေး အခက်ကြုံ
DVB
·
June 21, 2020
တိုက်ပွဲကြောင့် ပလက်ဝတွင် စစ်ဘေးရှောင်နှင့် ဒေသခံ ၆ သောင်းခန့် စားဝတ်နေရေး အခက်ကြုံ
Donate to DVB

ချင်းပြည်နယ် ပလက်ဝမှာ တပ်မတော်နဲ့ အေအေတို့ကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၁ သောင်းလောက် အပါအဝင် ဒေသခံ ၆ သောင်းကျော် စားဝတ်နေရေး အခက်အခဲကြုံနေတယ်လို့  ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

ဒါကြောင့် စစ်ရှောင်တချို့ဟာ ဆမီးမြို့ကိုသွားဖို့ ကြိုးစားလာနေကြပြီး ဆမီးမြို့မှာ စစ်ဘေးရှောင် ၃၀၀၀ ကျော်ရှိနေပေမယ့် စားနပ်ရိက္ခာပို့ဆောင်ရေးလမ်းကြောင်းက အဆင်ပြေနေပြီး ပလက်ဝမြို့မှာတော့ ရိက္ခာအခက်အခဲကြုံနေရကာ ဆန်အိတ် ၃၅၀၀ ပို့ဖို့ စီစဉ်ပေးနေတယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေ နေထိုင်နိုင်ဖို့အတွက် ကျပ်သိန်း ၂၀၀၀ ကျော်အသုံးပြုပြီး အဆောက်အဦတွေ စတင်ဆောက်လုပ်နေပြီလို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် လက်လုပ်လက်စားသမားတွေနဲ့ တောင်ယာလုပ်ကိုင်သူတွေဟာ တောထဲနဲ့ တောင်ယာတွေကို မသွားနိုင်ကြတော့တာကြောင့် စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပလက်ဝဒေသမှာ ခရီးသွားလမ်းကြောင်းတွေကို ပိတ်ထားတဲ့အတွက် ကုန်စည်စီးဆင်းမှု ပြတ်တောက်နေပြီး ဆန် ၁ အိတ်ကို ကျပ် ၈၀,၀၀၀ လောက်အထိ ပေးဝယ်ရတယ်လို့လည်း သိရပါတယ်။

တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝကနေ ပြီးခဲ့တဲ့ မတ်လက စတင်ထွက်ပြေးလာကြတဲ့ ခူမီးတိုင်းရင်းသား ၅၀ ကျော်ဟာလည်း ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာမှာ စစ်ဘေးရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013