DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကာလ တောင်ကြီးမြို့ရှိ မသန်စွမ်းများအတွက် အခြေခံစားကုန်များ ထောက်ပံ့
DVB
·
June 21, 2020
ကိုဗစ်-၁၉ ကာလ တောင်ကြီးမြို့ရှိ မသန်စွမ်းများအတွက် အခြေခံစားကုန်များ ထောက်ပံ့
Donate to DVB

ကိုဗစ်-၁၉ ကာလ တောင်ကြီးမြို့က အခက်အခဲရှိနေတဲ့ မသန်စွမ်းတွေကို ကိုဗစ်-၁၉ ရှမ်းပြည်နယ် လူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီက ဇွန် ၂၀ ရက်မှာ အခြေခံစားသောက်ကုန်နဲ့ ငွေသား ထောက်ပံ့ပေးအပ်ပါတယ်။

တောင်ကြီးမြို့ပေါ်နဲ့ တောင်ကြီးမြို့အနီးက အခက်အခဲရှိနေတဲ့ မသန်စွမ်း ၄၀၀ ဝန်းကျင်ကို ငွေ ၁ သောင်းကျပ်စီနဲ့ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲတွေ ထောက်ပံ့ပေးခဲ့တာပါ။

ရှမ်းပြည်နယ် မသန်စွမ်းအဖွဲ့  ဥက္ကဋ္ဌ ဒေါ်သန်းနွယ်အောင်က “ဒီအချိန်မှာ မသန်စွမ်းတွေက ပိုပြီး အခက်အခဲရှိတယ်။ မသန်စွမ်းတွေကိုလည်း မမေ့ဘဲ သတိရပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပုံမှန်အခြေအနေမှာတောင် အလုပ်အကိုင်မရှိရင် ခက်ခဲတယ်။ ဒီလိုဖြစ်တဲ့အချိန်မှာကျတော့ ပိုပြီး အများကြီးအခက်အခဲကြုံရတယ်။ ပုံမှန်လည်ပတ်တဲ့အချိန်မှာ မသန်စွမ်းတွေကို ပုံမှန်အလုပ်အကိုင် အခွင့်အလမ်း ရရှိမယ်၊ ပုံမှန်ဝင်ငွေရှိနေမယ်ဆိုရင်တော့ ဒီအခက်အခဲတွေ အဆင်ပြေသွားမယ် ထင်ပါတယ်” လို့ ပြောပါတယ်။

အစိုးရက ပြီးခဲ့တဲ့တကြိမ် အခြေခံစားသောက်ကုန် ပေးအပ်တုန်းက မသန်စွမ်းတွေအတွက် သီးသန့်ထောက်ပံ့ပေးအပ်ခဲ့တာ မရှိခဲ့ပါဘူး။

မသန်စွမ်းသူ၏မိခင်တစ်ဦးဖြစ်သူ မသူဇာလွင်က “ဒီလိုမျိုးအခက်အခဲရှိတဲ့အချိန်မှာ ဒီလို လာထောက်ပံ့ပေးတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ ကလေးက လေ့ကျင့်ခန်းတွေ မသွားရတော့ အိမ်မှာ နည်းနည်းတော့ အခက်အခဲရှိတယ်။ မသွားရ မလာရတော့ သူတို့ စိတ်ကျဉ်းကြပ်တာတော့ ရှိပါတယ်” လို့ ပြောပါတယ်။

အခု တောင်ကြီးမြို့နယ်အတွင်းမှာ မသန်စွမ်းသူများ အများအပြားရှိတဲ့အထဲမှ အခက်အခဲ ရှိနေတဲ့သူတွေကို စားနပ်ရိက္ခာနဲ့ တစ်ဦးကို ငွေကျပ် ၁ သောင်းစီ ထောက်ပံ့ပေးအပ်ခဲ့တာပါ‌။

ဒါ့အပြင် ကိုဗစ်-၁၉ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီအနေနဲ့ တောင်ကြီးမြို့ပေါ်ရှိ ရှမ်းရိုးမ ဘိုးဘွားရိပ်သာ၊ သံဃာ့ဆေးရုံ၊ လွယ်လုံပရဟိတကျောင်း၊ အမျိုးသမီးဖွံ့ဖြိုးရေးပရဟိတဂေဟာနဲ့ ပဒုမ္မာစာရီပအိုဝ်း သီလရှင်စာသင်တိုက်တွေမှာလည်း စားနပ်ရိက္ခာနဲ့ ငွေသားတွေ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013