DVB Logo
Home
မြန်မာသတင်း
လူနာအမှတ် ၂၄၂ ကို ဓာတ်ခွဲနမူနာ ပြန်စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
DVB
·
June 21, 2020
လူနာအမှတ် ၂၄၂ ကို ဓာတ်ခွဲနမူနာ ပြန်စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
1 / 2
Donate to DVB

မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးမှာ ကုသပေးနေတဲ့ သရက်မြို့နယ်က လူနာအမှတ် ၂၄၂ ကို ဇွန်လ ၂၀ ရက်နေ့က ပထမအကြိမ်ပြန်လည်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရဘူးလို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။ 

“မကွေးတိုင်းပြည်သူ့ဆေးရုံကြီး ငါးထပ်ဆောင်မှာ သီးခြားကုသပေးနေတဲ့ သရက်မြို့နယ်ထဲက အမျိုးသမီး COVID-19 ရောဂါလူနာရဲ့ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်တို့ ရယူပြီး ပထမအကြိမ် ပြန်လည်ဓာတ်ခွဲစစ်ဆေးရာ COVID-19 ရောဂါပိုး မတွေ့ရပါဘူး။”

ဇွန် ၇ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေရှိခဲ့တဲ့ သရက်မြို့နယ် ကွမ်းအုံကျေးရွာ ဇာတိ လူနာအမျိုးသမီးဟာ ထိုင်နိုင်ငံကနေ ပြန်လာတာဖြစ်ပြီး သရက်မြို့ Quarantine စင်တာမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားတာပါ။

မကွေးတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၃ ဦးအနက် ၂ ဦးကို ရောဂါပိုးမတွေ့တော့လို့ ဆေးရုံဆင်းခွင့်ပြုလိုက်ပြီလို့လည်း ပြောပါတယ်။ 

မကွေးတိုင်းအတွင်းက ဆေးရုံတွေမှာ စောင့်ကြည့်လူနာ ၁၃ ဦးလောက် တက်ရောက်နေပြီး ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးထားပါတယ်။ 

တိုင်းဒေသကြီးအတွင်းက Quarantine စင်တာတွေမှာ ပြည်ပက ပြန်ဝင်လာသူ ၆၀၀၀ ကျော်လောက်ရှိပြီး ဓာတ်ခွဲနမူနာတွေ ပေးပို့ စစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013