DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းမြို့နယ်တွင် သစ်စေ့မြေလုံး ၁ သိန်း ရဟတ်ယာဉ်ပေါ်က ကြဲချ
DVB
·
June 19, 2020
ဟုမ္မလင်းမြို့နယ်တွင် သစ်စေ့မြေလုံး ၁ သိန်း ရဟတ်ယာဉ်ပေါ်က ကြဲချ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ရွှေနဲ့ သတ္တုတူးဖော်ထုတ်ယူမှုတွေကြောင့် မြေဆီမြေလွှာတွေပျက်စီးပြီး သစ်ပင်ပြန်မပေါက်နိုင်တော့တဲ့နေရာတွေမှာ ဟုမ္မလင်းလေတပ်စခန်းက ရဟတ်ယာဉ်အကူအညီနဲ့ သစ်စေ့မြေလုံး ၁ သိန်းကို ဇွန် ၁၉ ရက် မနက်ပိုင်းက ဝေဟင်ကနေ ကြဲချခဲ့ပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ  နေရာ ၉ နေရာက မြေဧရိယာ ၄၈၀ မှာ သစ်စေ့မြေလုံးတွေကို  ကြဲချခဲ့တာပါ။

သစ်တောသစ်ပင်တွေပြန်လည်ဖြစ်ထွန်းလာစေဖို့၊ မြေဆီလွှာတိုက်စားမြေပြိုခြင်းတွေကနေ ကာကွယ်ဖို့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့  သစ်တောပြန်လည်တည်ထောင်ရေးကို အထောက်အကူပြုစေဖို့နဲ့ ရေဝေရေလဲထိန်းသိမ်းရေးကို အထောက်အကူပြုစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပထမဆုံးအကြိမ်အဖြစ် စစ်ကိုင်းတိုင်း သစ်တောဦးစီးဌာနက ဦးဆောင်ကာ အကောင်အထည်ဖော်ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။ 

သစ်စေ့မြေလုံးတွေကို ဗန်းမောက်၊ ခန္တီး၊ ကောလင်းစတဲ့ မြို့နယ်တွေက နေရာ ၁၄ နေရာ၊ ဧရိယာ ၁၃၆၅ ဧကမှာလည်း လူအင်းအားကို အသုံးပြုကာ မေလကုန်ပိုင်းက ကြဲချခဲ့ပါသေးတယ်။ ကြဲချထားတဲ့ သစ်စေ့မြေလုံးတွေကနေ အပင်ပေါက်ရောက်မှုအခြေအနေတွေကိုလည်း စစ်တမ်းကောက်ယူထားပြီး အပင်တွေပေါက်ရောက်နေပြီလို့ သိရပါတယ်။

ပေါက်တဲ့အပင်တွေရဲ့ ရှင်သန်စစ်တမ်းကိုလည်း ဒီဇင်ဘာလမှာ ထပ်မံ ကောက်ယူသွားမယ်လို့ သိရပါတယ်။

ကြဲချတဲ့ သစ်စေ့အမျိုးအစားတွေကတော့ မယ်ဇလီ၊ ဘောစကိုင်း၊ သင်းဝင်၊ ရှား၊ မြန်မာကုက္ကို၊ ကုလားကုက္ကို မျိုးစေ့ပေါင်း ၃ သန်း၊ သစ်စေ့လုံးပေါင်း ၆ သိန်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနကနေ မုံရွာမြို့နယ်၊ ဗောဓိတထောင်ဒေသမှာ ရဟတ်ယာဉ်နဲ့ သစ်စေ့မြေလုံးတွေ ကြဲချခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013