DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီအပါအဝင်  NGO ၂၄ ခုအတွက် တစ်ဧကကျပ် သိန်း ၅၀ နှုန်းဖြင့် နေပြည်တော်တွင် မြေနေရာချပေး
DVB
·
June 19, 2020
ကြံ့ခိုင်ရေးပါတီအပါအဝင်  NGO ၂၄ ခုအတွက် တစ်ဧကကျပ် သိန်း ၅၀ နှုန်းဖြင့် နေပြည်တော်တွင် မြေနေရာချပေး
Donate to DVB

ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံအတွင်းက  အစိုးရမဟုတ်တဲ့အဖွဲ့အစည်း ၂၄ ခုကို တစ်ဧက ကျပ်သိန်း ၅၀ နှုန်းနဲ့ နေပြည်တော်  သီရိ ၄ မြို့နယ်အတွင်းမှာ မြေနေရာတွေ ချပေးထားတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

NGO အဖွဲ့အစည်း ၂၄ ခုထဲမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းလည်း ပါဝင်ပြီး လရောင်တောစီမံကိန်းအတွက် တစ်ဧကကို ကျပ် သိန်း ၅၀ နှုန်းနဲ့ ရရှိတဲ့အပေါ်မှာ ဝေဖန်မှုတွေရှိခဲ့တာပါ။

ဒါနဲ့ ပတ်သက်ပြီး ဦးဇော်ဌေးက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတစ်ခုထဲကို မြေနေရာ ပေးတာမဟုတ်ဘဲ မြေနေရာချပေးထားတဲ့အဖွဲ့အစည်းပေါင်း ၂၄ ခုရှိပြီး တစ်ဧကကို သိန်း ၅၀ နှုန်းနဲ့ပဲ ပေးတာဖြစ်တယ်လို့ ဇွန်လ ၁၉ ရက်က ပြုလုပ်တဲ့ သမ္မတအိမ်တော်သ တင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ဦးဇော်ဌေးက " ပြောရရင်တော့ ဒီ NGO အဖွဲ့အစည်းပေါင်း ၂၄ ဖွဲ့ က တစ်ဧကို သိန်း ၅၀ နှုန်းနဲ့ နေပြည်တော်မှာ နေရာချထားပေး တာတွေရှိပါတယ်။ နောက်တစ်ချက်က နေပြည်တော်က အုပ်ချုပ်မှုမြို့တော်၊ အချက်အချာနေရာဖြစ်တယ်။ အဲ့ဒီတော့ အရေးကြီး နေရာဌာနတွေရှိတယ်။ ဥပမာ သမ္မတအိမ်တော်၊ လွှတ်တော်၊ ဗဟိုဘဏ် စသဖြင့်ပေါ့နော် ဝန်ကြီးဌာနတွေရှိတယ်။ဒီ အရေးကြီးဌာနတွေရဲ့ လုံခြုံရေးအခြေအနေတွေကို ခြုံငုံသုံးသပ်ပြီးတော့ လျှောက်ထားလာတဲ့ အဖွဲ့အစည်းက ဘာအဖွဲ့အစည်းလဲ။ သူအဆိုပြုလာတဲ့ နေရာက ဘယ်လိုနေရာလဲ။အဲ့ဒီနေရာမှာ သူက ဘယ်လိုစီမံကိန်းလုပ်မှာလဲ။ အဲ့ဒီမြေကို သူကဘယ်လိုအသုံးချမှာလဲပေါ့နော်။ဒါတွေက နိုင်ငံတော်လုံခြုံရေးအတွက်လည်း ဆက်စပ်ပြီးတော့ စဉ်းစားတယ်။ အဲ့ဒီလိုဆက်စပ်ပြီးတော့ နေပြည်တော်စည်ပင်က ချထားပေးတာဖြစ်တယ်" လို့ ပြောပါတယ်။

နေပြည်တော်မှာ မြေရရှိထားတဲ့ အဖွဲ့အစည်းတွေထဲမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ပါဝင်သလို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကလည်း ဌာနချုပ်နဲ့ ပါတီအတွက်ဆိုပြီး မြေနှစ်နေရာ ရယူထားပေမဲ့ အကျယ်အဝန်းကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။

နောက်ထပ် လျှောက်ထားလိုတဲ့အဖွဲ့အစည်းတွေကိုလည်း အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်၊ အဆိုပြုလျှောက်ထားမယ့်နေရာ၊ လုပ်ကိုင်မယ့် စီမံကိန်း၊ နိုင်ငံတော်နဲ့ပြည်သူတွေကို အကျိုးပြန်လည်ပေးနိုင်စွမ်းတွေအပေါ် မူတည်ပြီး နေပြည်တော်စည်ပင်က စဉ်းစားသုံးသပ်ပေးသွားမယ်လို့လည်း သိရပါတယ်။

သတင်း-ဖြိုးသက်ပိုင်မြင့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013