DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုအအဆင့်ပုဂ္ဂိုလ်များကို အစဉ်အလာအတိုင်း မြေကွက်ချထားပေးဟု  ဦးဇော်ဌေးပြော
DVB
·
June 19, 2020
ပြည်ထောင်စုအအဆင့်ပုဂ္ဂိုလ်များကို အစဉ်အလာအတိုင်း မြေကွက်ချထားပေးဟု  ဦးဇော်ဌေးပြော
Donate to DVB

နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါအဝင် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်တွေအတွက် မြေကွက်တွေ ချထားပေးတယ်ဆိုတာ မှန်ကန်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇွန်လ ၁၉ ရက် သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ဒါပေမဲ့ မြေနေရာ အကျယ်အဝန်းကိုတော့ ချဲ့ကားပြီးပြောနေကြတာလို့ ဦးဇော်ဌေးက ပြောပါတယ်။

ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေအတွက် မြေနေရာချထားပေးရာမှာ ဒုတိယဝန်ကြီးတွေ အတွက် ပေ ၂၅၀ ပတ်လည်၊ ပြည်ထောင်စုဝန်ကြီးတွေအတွက် ပေ ၃၀၀ ပတ်လည်နဲ့ သမ္မတနဲ့  အတိုင်ပင်ခံပုဂ္ဂိုလ်တို့အတွက် ပေ ၄၀၀ ပတ်လည် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့လပိုင်းကစတင်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေကို ပေ ၇၀၀ - ပေ ၅၀၀ မြေကွက်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြေ ၄ ဒသမ ၄ ဧကကျော် ရရှိတယ်လို့ ရေးသားနေကြတာပါ။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးဇော်ဌေးက " ချပေးထားတာတွေကလည်းမှန်တယ်။ ဒါပေမယ့် ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြထားသလို ပေ၇၀၀-ပေ ၅၀၀ အဲ့တာမျိုးကတော့ တွက်ကြည့်လိုက်တဲ့အခါမှာ ၈ ဧကလောက် ဖြစ်နေတဲ့အတွက် မဖြစ်နိုင်တဲ့ အတိုင်းအတာတွေကို ချဲ့ကားပြီး ရည်ရွယ်ချက်ရှိရှိရေးသားတယ်လို့ ပြောချင်တယ်။ ဘာရည်ရွယ်ချက်လဲဆိုတော့ ကျနော်တို့ သုံးသပ်တာကတော့ ၂၀၂၀ ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ Dis-information campaign လုပ်တဲ့သဘောပေါ့။ အခုလည်း လုပ်နေသလို နောင်လည်း ဆက်တိုက်ဆက်တိုက် လုပ်လာမယ့်သဘောရှိပါတယ်။ ဒါတွေကတော့ နိုင်ငံရေးရည်ရွယ်ချက်နဲ့လုပ်တာလို့ ကျနော်တို့က မြင်တယ်" လို့ ပြောပါတယ်။

နိုင်ငံ့အကြီးအကဲတွေကို မြေနေရာချထားပေးရာမှာ နေပြည်တော်စည်ပင်အနေနဲ့ ဥတ္တရသီရိ မြို့နယ်အတွင်းက မြေ ၃ ဧက အတွင်းမှာ မြေကွက် ၁၆ ကွက်ဖော်ဆောင်ပြီး လျှောက်ထားလာသူတွေကို သတ်မှတ်ဈေးနှုန်းနဲ့ ချထားပေးတာလို့ ဆိုပါတယ်။

  အခုလိုပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေအတွက် မြေနေရာချထားပေးတာဟာ အစဉ်အလာ အတိုင်းလုပ်ဆောင်တာလို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

"ဒီလိုမျိုး ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေဆိုတာ Political appointment ဖြစ်ပါတယ်။ နိုင်ငံရေးရာထူးရှိတဲ့ ပုဂ္ဂိုလ်တွေပေါ့နော်။ ဒီလိုမျိုးနိုင်ငံရေးရာထူးတာဝန်ထမ်းဆောင်ပြီးတဲ့သူတွေ အငြိမ်းစားသွားတဲ့ အခါမှာ နိုင်ငံတော်ကချီးမြှင့်ပေးတဲ့ အစဉ်အလာအတိုင်းဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်" 

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ရဲ့ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတော်သမ္မတထံ တင်ပြထားတဲ့ မြေကွက်နဲ့ ကားသွင်းခွင့်ပါမစ်တွေကို လက်ခံရယူမှာ မဟုတ်ဘူးလို့ ၂၀၁၄ ခုနှစ်ဇွန်လက RFA မှာ ပုံမှန်တင်ဆက်ခဲ့တဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ဒေါ်အောင်ဆန်းစုကြည်အစီအစဉ်မှာ  ဖြေကြားခဲ့ဖူးပါတယ်။ 

ဖြိုးသက်ပိုင်မြင့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013