DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရ အနုပညာရှင်အချို့၏ ပန်းချီ၊ သီချင်း၊ ကဗျာ၊ စာလွှာ (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
DVB
·
June 19, 2020
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရ အနုပညာရှင်အချို့၏ ပန်းချီ၊ သီချင်း၊ ကဗျာ၊ စာလွှာ  (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
1 / 5
Donate to DVB

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ကျရောက်တဲ့ အ သက် ၇၅ နှစ်ပြည့် မွေးနေ့မှာ ပြည်သူတွေနဲ့အတူ အနုပညာရှင်တချို့ကလည်း မွေးနေ့ ဆုတောင်းစကားတွေ ပို့သခဲ့ကြပါတယ်။

ပြည်တွင်းပြည်ပမှ သူ့ကို ချစ်ခင်ကြတဲ့ ပြည်သူ ၇၅၀၀ ရဲ့ မွေးနေ့ဆုတောင်း ဓာတ်ပုံတွေနဲ့ 3D ရုပ်ပုံကားချပ် ဖန်တီးခဲ့ကြသလို ပြည်သူတွေနဲ့အတူ ဆုတောင်းပေးခဲ့ကြသူတွေထဲမှာ ကျော်ကြားသူတွေ၊ အနုပညာရှင်တွေလည်း များစွာပါဝင်နေပြီး သူတို့ထဲက တချို့ကို ရွေးချယ်ဖော်ပြပေးလိုက်ပါ တယ်။

ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီး ဖွေးဖွေးကတော့ သူ့ရဲ့ မိသားစုနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းစာဓာတ်ပုံတပုံကို ရိုက်ကူးပြီး ဖေ့စ်ဘွတ်ခ်စာမျက်မှာပေါ် တင်ထားခဲ့ပြီး ခုလိုရေးသားဖော်ပြထားခဲ့တာပါ။

“19th June, 2020 ၁၉ရက် ဇွန်လ ၂၀၂၀ Our One & Only... 🤍✨🕊 အ​မေ​ဒေါ်​​အောင်ဆန်းစုကြည် ၏ 💎၇၅ နှစ်ပြည့်💎 ​မွေး​နေ့အတွက် ​ဖွေးတို့မိသားစုမှ ဆု​တောင်း..”

[caption id="attachment_395071" align="aligncenter" width="773"] ဓာတ်ပုံ-ဖွေးဖွေးဖေစ်ဘုတ်[/caption]

နောက်ထပ်လူငယ်သရုပ်ဆောင်မင်းသားတလက်ဖြစ်တဲ့ ဒေါင်းကတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဓာတ်ပုံနဲ့အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတပုံကို တင်ထားခဲ့ပြီး ကဗျာတပုဒ်နဲ့ အမှတ်တရဆုတောင်းပေးထားခဲ့တာကို တွေ့ရပါတယ်။

"သူမနှလုံးသားဟာ..ဗလာ"

နှလုံးသားထဲစီးဆင်းနေသမျှ

ချစ်ခြင်းမေတ္တာတရား

အားလုံးပေးလိုက်တယ်

နှလုံးသားထဲမှာ

ဗလာ...

ဗလာ....

ဗလာ...စွန့်လွှတ်အနစ်နာခံခြင်းဟာ

ဗလာ...

အသွားရှိပြီး...အပြန်မမျှော်လင့်

ဗလာ...

အပေးရှိ...အယူမရှိ...ဗလာ

သူမ

သက်တမ်းအဆက်ဆက်

အပြုံးမပျက်...ကမ္ဘာပျက်လဲ

မြန်မာမပျက်ဖို့

ရယူခြင်းဗလာဖြင့်..

ရပ်တည်ဖြေရှင်းခဲ့...

ဒါဟာနှလုံးသားဗလာ...

တန်ဖိုးဖြတ်မရ...

ဗလာ...

အချိန်တွေအကုန်ပေးခဲ့

မေတ္တာတရားအကုန်ပေးခဲ့

ဘဝရှိသမျှအခွင့်အရေးအကုန်ပေးခဲ့

သူမမှာဗလာတွေများစွာမို့

တို့အားလုံးအချင်းချင်း

ငြိမ်းချမ်းခြင်း၊စည်းလုံးခြင်း၊ချစ်ခြင်းမေတ္တာတို့

အနှိုင်းအဆမဲ့ပေးကြရအောင်

၇၅နှစ်ပြည့်မွေးနေ့လက်ဆောင်ကစ

ကမ္ဘာတည်သရွေ့ပေါ့....

ကျွန်တော်ကတိပေးတယ်

ခင်ဗျားတို့အားလုံးကိုချစ်တယ်

အနီးပတ်ဝန်းကျင်ကလူတိုင်းကို

ချစ်တယ်လို့စိတ်ထဲကနေဖြစ်ဖြစ်

ပြောလိုက်ပါ...

သူမနှလုံးသာထဲကဗလာကို

မြင်ရလိမ့်မယ်

ဒေါင်း

အမေစုဓာတ်ပုံရဲ့အမှတ်တရဟာအများကြီးပါ ကျွန်တော်ချစ်တဲ့အကိုဆရာ ကိုမျိုး မြင့်ဆွေ(လေဆန်ကကြိုးဒါရိုက်တာ)ရိုက်တဲ့ အမေစုရဲ့ဓာတ်ပုံပါ အခုသူက ကျွန်တော်တို့ ကို ထားသွားတာ ၂နှစ်ကျော်ပါပြီ



နာမည်ကြီး တေးသံရှင်တယောက်ဖြစ်တဲ့ တင်ဇာမော်ကတော့ ဒေါ်အောင်ဆန်းစု ကြည်အတွက် မွေးနေ့ဆုတောင်းသီချင်းကို မြူးမြူးကြွကြွ သီဆိုပေးထားခဲ့တဲ့ ရုပ်သံဗွီဒီ ယိုဖိုင်လေးကို တင်ထားခဲ့ပြီး ခုလိုရေးသားဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။

“၇၅ နှစ်မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်‌‌ အောင် ကျန်းမာပျော် ရွှင်ပါစေ .... အန်တီစု (အမေစု) ”



ပရဟိတမင်းသားကြီး ကျော်သူတို့ ဇနီးမောင်နှံကတော့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရ တီရှပ်ဆင်တူဝတ်ဆင်ထားတဲ့ ဓာတ်ပုံနဲ့အတူ မွေးနေ့ဆုတောင်းစ ကားပါးလိုက်ပြီး ခုလိုဖြတ်သန်းသွားမယ်လို့ ရေးသားထားခဲ့တာပါ။

“ဒီနေ့

အားရပါးရ နာရေးကူညီမှုကုသိုလ်ယူမယ်။

အားရပါးရ အမျှပေးဝေမယ်။

ဒါဘဲပေါ့...။

သက်ရှည်ကျန်းမာချမ်းသာ

သောကကင်းဝေး ငြိမ်းချမ်းကြပါစေ...။

(ကျော်သူ)



ထင်ရှားတဲ့ အဆိုတော် ပန်းချီဆရာတယောက်ဖြစ်တဲ့ နေမျိုးဆေးကတော့ သူ့ရဲ့ Gallery Maw yon ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ပန်းချီဆရာကြီး ခင်မောင်ရင်ရဲ့ ရှားပါး လက်ရာ ဒေါ်အောင်ဆန်းစုကြည်ပုံပန်းချီကားတွေကို မျှဝေထားတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013