DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့က လူနာအမှတ် ၂၄၇၊ ၂၄၈ တို့နှင့် ထိတွေ့ခဲ့သူအားလုံး ရောဂါပိုးမတွေ့
DVB
·
June 19, 2020
မောင်တောမြို့က လူနာအမှတ် ၂၄၇၊ ၂၄၈ တို့နှင့် ထိတွေ့ခဲ့သူအားလုံး ရောဂါပိုးမတွေ့
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့က ကိုဗစ်-၁၉ အတည်ပြုလူနာအမှတ် ၂၄၇ နဲ့ ၂၄၈ တို့နဲ့ ထိတွေ့ခဲ့သူ ၉ ဦးကို ဓာတ်ခွဲစစ်ဆေးရာမှာ ရောဂါ ပိုးမတွေ့ရရှိဘူးလို့ မောင်တောခရိုင်ကျန်းမာရေးဌာနက ပြောပါတယ်။

မောင်တောခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက "ဟုတ်ပါတယ်။ လူနာအမှတ် ၂၄၇ နဲ့ ၂၄၈ တို့နဲ့ ထိတွေသူ ၉ ဦးရဲ့ နှာခေါင်းနဲ့အာခေါင် တို့ပတ်တွေ ဓာတ်ခွဲစစ်ဆေးရာမှာ အားလုံး Negative ဖြစ်ပါတယ်။" လို့ DVB ကို အတည်ပြုပြောကြားပါတယ်။

လူနာအမှတ် ၂၄၇ အမျိုးသမီးမှာ ရွှေစားကျေးရွာအုပ်စု ကမ်းပိုင်နားကျေးရွာကဖြစ်ပြီး လူနာအမှတ် ၂၄၈ အမျိုးသားကတော့ ရွှေစားကျေးရွာအုပ်စု စေတီပြင်ကျေးရွာက ဖြစ်ပါတယ်။ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းကနေ ဇွန် ၂ ရက်နေ့က မောင်တောမြို့နယ်ကို ပြန်လည်ဝင်ရောက်လာခဲ့ကြပြီးနောက် ဓာတ်ခွဲစစ်ဆေးရာမှာ ရောဂါပိုးတွေ့ခဲ့တာပါ။

သူတို့ ၂ ဦးဟာ မောင်တောမြို့မှာ တတိယမြောက်နဲ့ စတုတ္ထမြောက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားသူတွေဖြစ်ပြီး ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးတာ မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။

လူနာအမှတ် ၂၄၇ နဲ့ ၂၄၈ တို့နဲ့ ထိတွေခဲ့သူ ၉ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို ဒုတိယအကြိမ် ထပ်မံစစ်ဆေးသွားမယ်လို့ ခရိုင်ကျန်းမာရေးဌာနက သိရပါတယ်။

လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013