DVB Logo
Home
မြန်မာသတင်း
ခရီးသည်ပို့ပြီး အင်းဒင်ကျေးရွာ ပြန်လာသည့်ယာဉ် ၁ စီး ပစ်ခတ်ခံရ၊ ၂ ဦးဒဏ်ရာရ
DVB
·
August 8, 2020
ခရီးသည်ပို့ပြီး အင်းဒင်ကျေးရွာ ပြန်လာသည့်ယာဉ် ၁ စီး ပစ်ခတ်ခံရ၊ ၂ ဦးဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာကို ခရီးသည်ပို့ပြီး ပြန်လာတဲ့ ယာဉ်တစီး သြဂုတ် ၆ ရက်နေ့ ည ၇ နာရီကျော်လောက်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရလို့ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 မြင်းလွှတ် မြောချောင်းရပ်ကွက်အနီး ကားလမ်းရဲ့ ယာဘက် ခြုံတောအတွင်းကနေ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ယာဉ်မောင်း နဲ့ ယာဉ်အကူတို့ ဒဏ်ရာရရှိခဲ့ကြပါတယ်။

ဒဏ်ရာရှိသူတွေက မောင်တောမြို့နယ် ခရေမြိုင်(နတလ) ကျေးရွာက ကားဒရိုက်ဘာ ကိုအောင်မျိုးသန်းမှာ ညာဘက်ပေါင်ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ ယာဉ်အကူ ကိုသန်းဝင်းမှာတော့ ကားမှန်ကွဲစထိမှန်သွားခဲ့တယ်လို့ သိရပါတယ်။

ယာဉ်အကူ ကိုသန်းဝင်းက "မြင်းလွှတ် တာဝါတိုင်အလွန် မြောချောင်းရပ်ကွက်နားမှာ စက်သေနတ်နဲ့ အဆက်မပြတ်လိုက်ပစ်တာ။ ကားကိုမောင်းပြေးကြလို့ မဟုတ်ရင်သေကြမှာ။ ပစ်တာက ကားလမ်းညဘဖက်ကဆိုတော့ ဒရိုင်ဘာကို ထိသွားတာ၊ ကျနော်က ဘယ်ဘက်မှာ ထိုင်နေတာ။ ဘယ်သူတွေပစ်တာလဲ့ဆိုတာကတော ညအချိန်ဆိုတော့ ဘာမှမမြင်ရဘူး။ လုံခြုံရေးအဖွဲတွေကတော့ ကင်းပုန်းဝတ်နေတာတွေတော့ ရှိမှာပေါ့" လို့ DVB ကို ပြောပါတယ်။

မြင်လွှတ်ကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၃၃ ရွာရှိခဲ့ပြီး ၂၀၁၇ ခုနှစ်က အကြမ်းဖက်ဖြစ်စဉ်ကြောင့် ကျေးရွာအားလုံးမီးလောင်ကျွမ်းခဲ့ရပြီး ကျေးရွာဒေသခံအားလုံးလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန်ခွာသွားခဲ့ကြကာ အခုချိန်ထိ လူနေထိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ပစ်ခတ်မှုနဲ့ပတ်သက်ပြီး မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူ ဦးအောင်ရဲက "ဖြစ်တာက ကားအငှားလိုက်ကြတဲ့ အဖွဲ့တွေပေါ့၊ ဒရိုင်ဘာမှာ ညာခြေထောက်ကျည်ထိမှန်တယ်။ နောက်တစ်ယောက်ကတော့ မှန်ကွဲးစတွေထိတာလောက်ပါ။ ဘယ်သူပစ်တာလဲဆိုတာတော့ စုံစမ်းဆဲဖြစ်ပါလိမ်မယ်။ အုပ်ချုပ်ရေးဘက်ကတောဒီလောက်ပဲသိပါတယ်” လို့ ပြောပါတယ်။

ဒဏ်ရာဏ်ပြင်းထန်တဲ့ ကားဒရိုင်ဘာကို သြဂုတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာ စစ်တွေဆေးရုံကို ပို့ဆောင်ကာ ဆေးကုသမှုခံယူနေတယ်လို့ မိသားစုက ပြောပါတယ်။

မောင်တော-အငူမော်ကားလမ်းတလျှောက်မှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားတာနဲ့ မကြာခဏ မိုင်းပေါက်ကွဲတာတွေ ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေကလည်း ကျောက်ပန်းဒူ-စေတီပြင် မေယုတောင်ကြောလမ်းမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားတာကြောင့် လဝက အရာရှိတဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်နဲ့တပ်မတော်သားအချို့ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

လင်းလက် 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013