DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့က ကိုဗစ်-၁၉ လူနာအမှတ် ၂၀၇ ရောဂါပိုးကင်းစင်သဖြင့် ဆေးရုံမှဆင်းခွင့်ရ
DVB
·
June 19, 2020
ပုသိမ်မြို့က ကိုဗစ်-၁၉ လူနာအမှတ် ၂၀၇ ရောဂါပိုးကင်းစင်သဖြင့် ဆေးရုံမှဆင်းခွင့်ရ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာ အသက် ၄၄ နှစ်အရွယ် အမျိုးသားဟာ ဓာတ်ခွဲအဖြ ၃ ကြိမ်ထိ ရောဂါမတွေ့ရှိတော့လို့ ဇွန်လ ၁၉ ရက် မနက်ပိုင်းမှာ ဆေးရုံကဆင်းခွင့်ပြုခဲ့တယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီးက ပြောပါတယ်။

လူနာအမှတ် ၂၀၇ ဟာ မလေးရှားနိုင်ငံက ပြန်လာသူဖြစ်ပြီး မေလ ၂၉ ရက်နေ့မှာ ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီး ပုသိမ်ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွှေ့ကုသထားတာလို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။

"သူ့ကို ရောဂါပိုးတွေ့ပြီးနောက်ပိုင်း ၃ ကြိမ်ထပ်စစ်တယ်။ အဲဒိ ၃ ကြိမ်လုံးမှာ ပိုးမတွေ့ဘူးဆိုတဲ့ အဖြေထွက်တယ်။ အဲ့ဒါကြောင့် အမှန်က သူကို Facility Quarantine မှာ ဆက်ထားရမှာ နေရာအခက်အခဲကြောင့် ဆေးရုံမှာထားပြီး ၇ ရက်ပြည့်လို့ ဆင်းခွင့်ပြုတာပါ။"

ရောဂါပိုးကင်းစင်သူဖြစ်သတ်မှတ်ပြီး ဆေးရုံဆင်းခွင့် ပြုခဲ့ပေမဲ့ သူ့ရဲ့နေအိမ်မှာ ၇ ရက် Home Quarantine အဖြစ်နေထိုင်ရမှာဖြစ်ပြီး လာမယ့် ဇူလိုင် ၃ ရက်နေ့မှာ ကျန်းမာရေးအခြေအနေကို ခေါ်ယူစစ်ဆေးဦးမယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ မေ ၁၉ ရက်က မလေးရှားက ပြန်လာသူ ၂ ဦးမှာ ကိုဗစ်-၁၉ မှာ ပထမဆုံး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ၂ ဦးစလုံး  ရောဂါပိုးကင်းစင်ပြီဖြစ်လို့ လူနာအမှတ် ၁၉၁ ကို ဇွန်လ ၈ ရက်နေ့က နဲ့ လူနာအမှတ် ၂၀၇ ကို ဒီကနေ့ ဆေးရုံဆင်းခွင့်ပြုခဲ့တာပါ။

ဇွန်လ ပထမပတ်အထိ ဧရာဝတီတိုင်းကို တရုတ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံကပြန်လာတဲ့ ရွှေ့ပြောင်းအလုပ် သမား ၁၈၀၀ ကျော်ထိရှိနေသူတို့ကိုပြီး ပုသိမ်နဲ့ မအူပင်မြို့နယ်က အသွားအလာကန့်သတ် စောင့်ကြည့်စင်တာတွေမှာ ၂၁ ရက် အသွားအလာကန့်သတ် စောင့်ကြပ်ထားပါ တယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013