DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် မူးယစ်ဆေးဝါးများ ကားဖြင့်လိုက်ရောင်းနေသူများကို ဖမ်းဆီးရမိ
DVB
·
June 18, 2020
မန္တလေးတွင် မူးယစ်ဆေးဝါးများ ကားဖြင့်လိုက်ရောင်းနေသူများကို ဖမ်းဆီးရမိ
Donate to DVB

မန္တလေးမြို့မှာ မူးယစ်ဆေးဝါးတွေကို ကားနဲ့ လိုက်လံရောင်းချနေတယ်လို့ သတင်းရရှိတဲ့အတွက် တာဝန်ရှိသူတွေသွားရောက်ဖမ်းဆီးခဲ့ရာမှာ  ငွေကျပ် သိန်းပေါင်း ၁၃၀၀၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ကြီးတံခွန်မြို့မရဲစခန်းကနေ သိရပါတယ်။

ဇွန်လ ၁၆ ရက် ညနေပိုင်းက မူးယစ်ဆေးဝါးတွေကို ကားနဲ့လိုက်လံရောင်းချနေတယ်လို့ သတင်းရရှိတဲ့အတွက် အမှတ် ၁၈ မူးယစ်ဆေးဝါးနှိမ်နှင်းရေးတပ်ဖွဲ့စု(တောင်ပိုင်း)မှ တပ်ဖွဲ့ဝင်တွေနဲ့ ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်းမှ တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး လိုက်လံစုံစမ်းစစ်ဆေးတဲ့အခါ ပြည်ကြီးတံခွန်မြို့နယ်၊ချမ်းမြသာယာရပ်ကွက်မှာရှိတဲ့ ဘုန်းကြီးကျောင်းဝင်းတစ်ခုအတွင်းမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

စစ်ဆေးရာမှာ အမျိုးသားနှစ်ဦးကို ယာဉ်ပေါ်မှာ ဘိန်းဖြူလို့ယူဆရတဲ့ ဖြူ/ဝါရောင်အမှုန့် အလေးချိန်(၁၀)ဂရမ်စီပါ ဆပ်ပြာခွက်(၂၂၀)ခွက်စီ ပါရှိတဲ့ ဆာလာအိတ်(၅)အိတ်၊စုစုပေါင်း ဆပ်ပြာခွက် ၁၁၀၀ ခွက်၊ တန်ဖိုးကျပ်သိန်း ၇၇၀၀ အား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးတွေကို အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၄ လမ်း၊ ၈၆×၈၇လမ်းကြားက ကားဝပ်ရှော့တစ်ခုမှ အမျိုးသားတစ်ဦးနဲ့ ကျော်ကြီး(ခ) ကျော်ဝေသက် တို့ဆီကနေယူဆောင်ခဲ့တာလို့ သိရှိရတဲ့အတွက် အဆိုပါကားဝပ်ရှော့ကိုလည်း ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ ကျော်ကြီး (ခ)ကျော်ဝေသက်ဟာ ထွက်ပြေးတိမ်းရှောင်သွားပါတယ်။

ဖမ်းမိတဲ့ ကား၀ပ်ရှော့မှအမျိုးသားကို ထပ်မံစစ်ဆေးချက်အရ အောင်မြေသာစံမြို့နယ်မှ အမျိုးသား ၂ ဦးကို ကားတစ်စီးနဲ့အတူ ငွေကျပ် သိန်းပေါင်း ၅၃၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဆပ်ပြာခွက် ၂၂၀ ခွက်ပါ ဆာလာအိတ် ၃ အိတ်၊ ဘိန်းဖြူ ဆပ်ပြာခွက် ၁၁၀ ပါ ဆာလာအိတ် ၁ အိတ်၊ စုစုပေါင်း ၄ အိတ်၊  ဆပ်ပြာခွက်ပေါင်း ၇၇၀  ခွက်တို့အား ထပ်မံဖမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်မှာဖမ်းမိခဲ့တဲ့ အမျိုးသားနှစ်ဦး၊ ‌ကားဝပ့်ရှော့မှ အမျိုးသားတစ်ဦးနဲ့ ကျော်ကြီး(ခ)ကျော်သက်ဝေတို့ကို ပြည်ကြီးတံခွန်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်ထားပါတယ်။

ဒါ့အပြင် ‌ကားဝပ်ရှော့မှ အမျိုးသားတစ်ဦး၊  ကျော်ကြီး(ခ)ကျော်သက်ဝေနဲ့ အောင်မြေသာစံမြို့နယ်မှာ ထပ်မံဖမ်းဆီးရမိတဲ့ အမျိုးသားနှစ်ဦးတို့ကို အမှတ်(၄)နယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ နဲ့ ဇွန်လ ၁၇ ရက်နေ့က  အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013