DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာဆေးရုံတွင် အကျဉ်းသား ၁ ဦး နှလုံးရောဂါဖြင့် သေဆုံး
DVB
·
June 18, 2020
မိတ္ထီလာဆေးရုံတွင် အကျဉ်းသား ၁ ဦး နှလုံးရောဂါဖြင့် သေဆုံး
Donate to DVB

မန္တလေးတိုင်း၊  မိတ္ထီလာအကျဉ်းထောင်ကနေ မိတ္ထီလာဆေးရုံကို ဇွန် ၁၇ ရက် မနက်ပိုင်းက နှလုံးရောဂါကြောင့် ပို့ဆောင်ကုသခဲ့တဲ့ အကျဉ်းသား ၁ ဦးဟာ မွန်းလွဲ ၂ နာရီမှာ သေဆုံးသွားတယ်လို့ မိတ္ထီလာအကျဉ်းဦးစီးဌာနဦးစီးမှူးက ပြောပါတယ်။

မိတ္ထီလာအကျဉ်းဦးစီးဌာနလက်ထောက်ညွှန်မှူးဦးခင်ရွှေက “အသက်ရှူကြပ်လို့ ထောင်ဆေးရုံကနေ မိတ္ထီလာဆေးရုံကို ပို့ပေးခဲ့တယ်။ ဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားတယ်။ သူ့မိသားစုဆီ လုပ်ထုံးလုပ်နည်းနဲ့အညီ လွှဲပြောင်းပေးလိုက်ပါတယ်။ နာရေးအတွက်လည်း ကူညီမှုတွေ ပေးခဲ့တယ်” လို့ ပြောပါတယ်။ မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်နေ သန်းစိုး(ခ)စိုးကြီး(၂၄နှစ်)ဟာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဥပဒေပုဒ်မ ၁၉(က) နဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလက ထောင် ၁၀ နှစ် ပြစ်ဒဏ် ကျခံခဲ့ရသူဖြစ်ပါတယ်။ မိတ္ထီလာမြို့မရဲစခန်းက သန်းစိုး(ခ)စိုးကြီး သေဆုံးတာ ဓမ္မတာအတိုင်း ဟုတ်၊ မဟုတ် သေမှုသေခင်း အမှတ်စဉ် ၁၆/၂၀၂၀ နဲ့ စုံစမ်းစစ်ဆေးဖို့ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း
Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013