DVB Logo
Home
မြန်မာသတင်း
မုဒုံမြို့နယ်တွင် စိတ်ကြွမူးယစ်ဆေးပြား ၁၃၀,၀၀၀ ကျော် ဖမ်းဆီးရမိ
DVB
·
June 18, 2020
မုဒုံမြို့နယ်တွင် စိတ်ကြွမူးယစ်ဆေးပြား ၁၃၀,၀၀၀ ကျော် ဖမ်းဆီးရမိ
Donate to DVB

မွန်ပြည်နယ်ရှိ၊ မုဒုံမြို့နယ်မှာ ဇွန်လ ၁၇ ရက်မနက်က စိတ်ကြွမူးယစ်ဆေးပြား ၁၃၀,၀၀၀  ကျော်ဖမ်းဆီးရမိခဲ့တယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ ရဲအုပ်ဇော်ထိုက်က ပြောပါတယ်။

ဇွန် ၁၇ ရက် မနက် ၁ နာရီလောက်က မုဒုံမြို့နယ်၊ မြို့မ(၁)ရပ်ကွက်ရှိ သိန်းကမ္ဘာမိုတယ်ရှေ့မှာ ရဲတပ်ဖွဲ့ဝင်တွေက မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် သံဖြူဇရပ်မြို့ဘက်မှ မုဒုံမြို့ဘက်ကိုလာတဲ့ ကုန်တင်ကားပေါ်မှ အထုပ်ကြီး ၁ ထုပ် ထမ်းလာသူကို တွေ့ရှိခဲ့လို့ စစ်ဆေးခဲ့ကြပါတယ်။

စစ်ဆေးရာမှာ အထုပ်ထမ်းလာသူဟာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ကြိုတင်သတင်းရရှိထားသူ အောင်အောင်ဆိုသူဖြစ်ပြီး လက်ဆွဲပီနံအိတ်နဲ့ ထည့်ထားတဲ့ အညိုရောင်နဲ့ရွှေရောင်ကြား လက်ဆွဲအိပ်အတွင်းမှ WYနဲ့ R စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြားနဲ့ အစိမ်းရောင် စိတ်ကြွဆေးပြားပေါင်း ၁၀၀၀၀၀ ပြား၊ အလေးချိန် ၁၀၀၀၀ ဂရမ်လောက်ကို  တွေ့ရှိခဲ့ပါတယ်။

နောက်ထပ်ရှာဖွေရာ ကျောပိုးအိတ်အတွင်းမှ WYနဲ့Rစာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြားနဲ့ အစိမ်းရောင်စိတ်ကြွဆေးပြား ၃၀၀၀၀ ပြား၊  အလေးချိန် ၃၀၀၀ ဂရမ်ကို  ထပ်မံတွေ့ရှိရပါတယ်။

ဆက်လက်ရှာဖွေရာမှာ မှိုင်းကိုင်စက္ကူနဲ့  ထုပ်ပိုးထားတဲ့ ပလပ်စတစ်အိတ်အတွင်းမှ WYနဲ့Rစာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြားနဲ့ အစိမ်းရောင်စိတ်ကြွဆေးပြား ၉၆၀၀ ပြား၊ အလေးချိန် ၉၆၀ ဂရမ်ကို  ဖမ်းဆီးရမိခဲ့တယ်လို့ ရဲအုပ်ဇော်ထိုက်ထံက သိရပါတယ်။

အဲ့ဒီနောက် ဖမ်းမိတဲ့ အောင်အောင်ကိုမေးမြန်းရာ မုဒုံမြို့ သိန်းကမ္ဘာမိုတယ်မှာတည်းခိုနေတဲ့ တောင်ကြီးမြို့နေ ဥက္ကာဇော်ထံ လာရောက်ပို့ ဆောင်တာဖြစ်ကြောင်း၊ ဥက္ကာဇော်ကို မေးမြန်းရာမှာတော့မှန်ကန်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အခုလို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ မုဒုံမြို့နယ်နေ အောင်အောင်နဲ့ တောင်ကြီးမြို့နယ်နေ ဥက္ကာဇော်တို့ကို မုဒုံမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သောဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က) /၂၀(က)/ ၂၁နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

ကျော်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013