DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ကိုဗစ်-၁၉ ကာလအတွင်း အိမ်တိုင်ရာရောက် သစ်ပင်ဝေငှ စိုက်ပျိုး
DVB
·
June 18, 2020
မကွေးတိုင်းတွင် ကိုဗစ်-၁၉ ကာလအတွင်း အိမ်တိုင်ရာရောက် သစ်ပင်ဝေငှ စိုက်ပျိုး
Donate to DVB

မကွေးတိုင်းအတွင်းမှာ အိမ်တိုင်ရာရောက် သစ်ပင်ဝေငှစိုက်ပျိုးတဲ့စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီဌာန တာဝန်ရှိသူက ပြောပါတယ်။

မကွေးတိုင်းဟာ မြန်မာနိုင်ငံရဲ အပူဆုံးတိုင်းဒေသကြီးတခုဖြစ်ပြီး နှစ်စဉ် အခုလို မိုးဦးရာသီမှာ ဌာနဆိုင်ရာတွေ၊ ဒေသခံပြည်သူတွေ စုပေါင်းပြီး သစ်ပင်စိုက်ပျိုးပွဲတော်တွေ ပြုလုပ်ကြလေ့ရှိပါတယ်။

ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအခြေနေကြောင့် လူစုလူဝေး မဖြစ်စေဘဲ အိမ်တိုင်ရာရောက် သစ်ပင်တွေ ဝေငှပေးတဲ့စနစ်နဲ့ စိုက်ပျိုးသွားမယ်လို့ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစွန်ထွေးက ပြောပါတယ်။

“၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မိုးရာသီကာလအတွင်း ဧကပေါင်း ၁၉၀၀ မှာ သစ်ပင် ၉၉၀၀၀၀ ကျော် စိုက်ပျိုးမှာပါ။ ကိုဗစ်-၁၉ ကာလအတွင်း လူစုလူဝေးမဖြစ်အောင် တစ်အိမ်ကို ဝန်ထမ်း နှစ်ဦးစီ စေလွှတ်ပြီး အိမ်ရှင်နဲ့အတူ သစ်ပင်စိုက်ပျိုးတဲ့စနစ်ကို ဓာတ်ပုံမှတ်တမ်းယူပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ ဂလိုဘယ်ဒီဂျစ်တယ်ကမ်ပိန်းမှာ ပါဝင်ဖို့ စီစဉ်ထားပါတယ်။ သစ်ပင်စိုက်ပျိုးတဲ့လုပ်ငန်းဟာ ဌာနတခုတည်း လုပ်လို့ရတာမဟုတ်ဘဲ နီးစပ်တဲ့ကျေးရွာတွေက အခကြေးငွေပေးပြီး လုပ်သားတွေ ခေါ်ယူရပါတယ်။ ကိုဗစ်-၁၉ ရောဂါအခြေနေကြောင့် လုပ်သားခေါ်ယူဖို့ အခက်အခဲ ဖြစ်လို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီကို တင်ပြပြီး လုပ်သားတွေနဲ့ Social Distancing စနစ်နဲ့ ဧက ၉၀၀ ကျော် စိုက်ပျိုးပြီးပါပြီ။ အဲဒီလိုစိုက်ပျိုးတဲ့အခါမှာလည်း ဒေသနဲ့ ကိုက်ညီတဲ့မျိုးတွေကို ပျိုးထောင်ပြီး စိုက်ပျိုးတာ ဖြစ်ပါတယ်။ စိုက်ပျိုးပြီးသစ်ပင်တွေကို တစ်နှစ်မှာ ၃ ကြိမ် စစ်ဆေးဖာထေးတာကြောင့် ၉၇ ရာခိုင်နှုန်းထိ ရှင်သန်တယ်။”

Green Network တည်ထောင်သူ ကိုအိုလာက “မကွေးတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံရဲ့ အပူဆုံးတိုင်းဒေသကြီးဖြစ်ပြီး ရိုးမနှစ်ခုကာရံထားပေမယ့် သစ်တောပြုန်းတီးမှုတွေကြောင့် အပူချိန်က ပိုမိုမြင့်တက်လာနေပါတယ်။ သစ်ပင်စိုက်ပွဲတော်တွေကို အစိုးရအဆက်ဆက် ပြုလုပ်ခဲ့ကြပြီး ပြန်လည်ထူထောင်ရေးနဲ့ ထိန်းသိမ်းစောင့်လျှောက်ရေးကဏ္ဍမှာ အားနည်းတာ တွေ့ရပါတယ်။ တနိုင်ငံလုံး သန်းနဲ့ချီ စိုက်ပျိုးနေတဲ့ သစ်ပင်တွေဟာ စိုက်ပျိုးတဲ့ ကိန်းဂဏန်း အချက်အလက်သာရှိပြီး ဘယ်လောက်ထိ ရှင်သန်တယ်ဆိုတဲ့ အချက်လက်တွေကတော့ မတွေ့ရပါဘူး။ သစ်ပင်စိုက်ပျိုးတာကို သုံးပုံတစ်ပုံလောက်သာ စိုက်ပျိုးပြီး ကျန်တဲ့နှစ်ပုံကို သစ်ပင် ရှင်သန်ကြီးထွားအောင် ပြုစုပေးမယ့် ကုန်ကျစရိတ်အတွက် အသုံးပြုမယ်ဆိုရင် ပိုပြီးတော့ ထိရောက်နိုင်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ သစ်ပင်စိုက်ပျိုးပွဲတော်တွေနဲ့အတူ ဧကပေါင်း ၁၈၀၀ စိုက်ပျိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။

မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013