DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် Mask  မတပ်ဆင်သူများထံက ဒဏ်ကြေး ကျပ်သိန်း ၁၀၀ နီးပါး ရရှိထား
DVB
·
June 18, 2020
မွန်ပြည်နယ်တွင် Mask  မတပ်ဆင်သူများထံက ဒဏ်ကြေး ကျပ်သိန်း ၁၀၀ နီးပါး ရရှိထား
Donate to DVB

မွန်ပြည်နယ်မှာ နှာခေါင်းစည်း Mask မတပ်သူတွေကို အရေးယူမှုကနေ ဒဏ်ငွေကျပ် သိန်း ၁၀၀ နီးပါး ရရှိထားတယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သန်းဝင်းက ပြောပါတယ်။

မွန်ပြည်နယ်မှာ ပြည်သူတွေ နေအိမ် အပြင်ထွက်တိုင်း Mask တပ်ဆင်ကြဖို့ အသိပေးထားပြီး မတပ်သူတွေကို ဇွန် ၈ ရက်နေ့က စတင် အရေးယူခဲ့တာမှာ  ဇွန်လ ၁၇ ရက်နေ့အထိ Mask မတပ်တဲ့သူ  ၃၀၀၀ ကျော်ကို ဒဏ်ငွေရိုက် အရေးယူထားတာပါ။

အဲလို ဒဏ်ရိုက်အရေးယူရာမှာ Mask မတပ်တဲ့သူတွေကို ထောင်ဒဏ်ငွေ ကျပ် ၃၀၀၀ ဒဏ်ရိုက်ပြီး ချုပ် Mask နှစ်ခုနှုန်းနဲ့ ပြန်လည်ပေးဝေနေတာပါ။

Mask မတပ်တဲ့သူတွေကို ပထမအကြိမ် ဒဏ်ငွေကျပ် ၃၀၀၀၊ ဒုတိအကြိမ် ဒဏ်ငွေ ကျပ် ၃၀၀၀ နဲ့ တတိယအကြိမ် စစ်ဆေးတွေ့ရှိရင်တော့ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့က အသိပေးကြေညာထားပါတယ်။

Mask မတပ်တဲ့သူတွေကို အရေးယူရာမှာ ဒဏ်ရိုက်ခံရသူရဲ့ အမည်၊ နေရပ်လိပ်စာနဲ့ မှတ်ပုံတင် နံပါတ်ကိုပါ တစ်ပါတည်း ရယူထားပါတယ်။ Mask မတပ်တဲ့သူတွေကို အရေးယူတဲ့ လုပ်ငန်းစဉ်ကိုတော့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်မှ ရပ်ဆိုင်းသွားဖို့ ရှိနေပါတယ်။‌

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013