DVB Logo
Home
မြန်မာသတင်း
အင်းလေးကန်ထိန်းသိမ်းရေး ၁၀ နှစ်စီမံကိန်း ဆောင်ရွက်မည်
DVB
·
June 17, 2020
အင်းလေးကန်ထိန်းသိမ်းရေး ၁၀ နှစ်စီမံကိန်း ဆောင်ရွက်မည်
Donate to DVB

အင်းလေးကန်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့အတွက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ ၁၀ နှစ်စီမံကိန်းချ ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်က အင်းလေးကန်ဟာ တစ်နှစ်ထက်တစ်နှစ် ရေခန်းခြောက်မှုနဲ့ ကြုံတွေ့နေရပြီး အခုနှစ်မှာတော့ စံချိန်တင် ရေခန်းခြောက်ခဲ့တာပါ။

ဒီလိုခန်းခြောက်လာနေတဲ့ အင်းလေးကန်ကို ပြန်လည်ပြုပြင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ထားပြီး လာမယ့်နှစ်ကစလို့ ၁၀ နှစ်စီမံကိန်းနဲ့ ဆောင်ရွက်ဖို့ရှိနေတယ်လို့ သစ်တောဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က ပြောပါတယ်။

"အင်းလေးကန်ကလည်း ပြောမယ်ဆိုရင်တော့ ကျနော်တို့ ထိန်းသိမ်းခြင်တဲ့အနေအထားအထိတော့မရောက်သေးဘူးပေါ့။ အဲ့တာ ကြောင့်မို့ နိုင်ငံတော် အတိုင်ပင်ခံရဲ့ လမ်းညွှန်ချက်နဲ့ ၁၀နှစ်စီမံကိန်းလုပ်နေတယ်။လာမယ့် ၂၀၂၀-၂၀ ဘတ်ဂျက်ကစပြီး ၁၀ နှစ်စီမံကိန်း လုပ်မှာ။အဲ့ဒီမှာ အဓိကကတော့ ဒေသခံပြည်သူတွေပူးပေါင်းပါဝင်တဲ့ သစ်တောထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ဖို့ လျာထားပါတယ်" လို့ ဒေါက်တာညီညီကျော်က ဇွန်လ ၁၇ ရက်က ပြုလုပ်တဲ့ အစိုးရသတင်းစာရှင်းလင်းပွဲအပြီးမှာ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးကန်ဖြစ်တဲ့ အင်းလေးကန်ဟာ အကျယ်အဝန်းအားဖြင့် ၄၄.၉ စတုရန်းမိုင်ရှိပြီး ပင်လယ်ရေမျက်နှာ ပြင်အထက် ပေ၂၉၀၀ မှာ တည်ရှိတာပါ။

အင်းလေးကန်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းကို သစ်တောဦးစီးဌာနက ဦးစီးလုပ်ကိုင်မှာ ဖြစ်ပေမယ့် အဓိက ဆောင်ရွက်ရမှာကတော့ ဒေသခံပြည်သူတွေက ဆောင်ရွက်ရမှာဖြစ်တယ်လို့ လည်း ဆိုပါတယ်။

ဒေါက်တာညီညီကျော်က" သစ်တောပြုန်းသွားတဲ့နေရာမှာ သစ်တောတွေပြန်စိုက်မယ်။စို က်တဲ့အခါမှာလည်း ဒီသစ်တောသစ်ပင် မှာ သူတို့အတွက် နိစ္စဓူဝ ဝင်ငွေရရှိအောင် သီးနှံသစ်တောစနစ် သီးနှံတွေကြားညှပ်စိုက်တာတွေလုပ်မယ်။ အခြားသောဝင်ငွေ ရတဲ့ လုပ်ငန်းတွေ ဥပမာဆိုရင် Eco Tourism လို့ခေါ်တဲ့ ခရီးသွားလုပ်ငန်းတွေလုပ်မယ်။ဒါတွေကို အဓိက က ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်အောင် ဆောင်ရွက်မှာဖြစ်ပါတယ်။ဌာနတွေကပဲ သီးသန့်လုပ်တဲ့ ပုံစံမဟုတ်ဘူး " လို့ ပြောပါတယ်။

အင်းလေးကန် ပြန်လည်ပြုပြင်ထိန်းသိမ်းရေး ၁၀ နှစ်တာ စီမံကိန်းအတွက် ဘတ်ဂျက်သီးသန့်လျာထားသုံးစွဲသွားမှာဖြစ်ပြီး လာမယ့်နှစ်ဘတ်ဂျက်မှာ ကျပ်ငွေသန်း ၅၀၀ ခန့် သုံးစွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

သတင်း-ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013