DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့လူကုန်ကူးမှု တိုက်ဖျက်ရေး စီမံချက်အတွင်း လူ ၁,၀၀၀ ကျော် အဖမ်းခံရ
DVB
·
July 7, 2026
Photo: Interpol
Photo: Interpol
Donate to DVB

အာရှ၊ အာဖရိက၊ အမေရိကနဲ့ ဥရောပတိုက်က နိုင်ငံပေါင်း ၅၉ နိုင်ငံမှာ ရဲအရာရှိပေါင်း ၄၀,၀၀၀ လောက်နဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး စစ်ဆင်ရေးကြီးတခုကို ပြုလုပ်ခဲ့ပါတယ်။

ဇွန် ၈ ရက်ကနေ ၁၂ ရက်အထိ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း လူကုန်ကူးမှုကျူးလွန်သူ အယောက် ၁,၀၀၀ ကျော်ကို ဖမ်ဆီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီထဲက ၃၃၄ ယောက်ဟာ လူကုန်ကူးမှုအတွက် တိုက်ရိုက်ဖမ်းဆီးခံရတာဖြစ်ပြီး နောက်ထပ် အယောက် ၆၉၀ ကိုတော့ ဆက်စပ်ပြစ်မှုတွေနဲ့ ထိန်းသိမ်းထားကြောင်း သိရပါတယ်။ 

အဲဒီနောက် လူကုန်ကူးခံရသူ ဒါမှမဟုတ် လူကုန်ကူးခံရနိုင်ခြေရှိသူ စုစုပေါင်းအယောက် ၂,၀၇၀ အထိ ဖော်ထုတ်နိုင်ခဲ့ရာမှာ အများစုဟာ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။

အဲဒီစစ်ဆင်ရေးကို အင်တာပိုလ် နိုင်ငံတကာရဲတပ်ဖွဲ့က ညှိနှိုင်းဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး "Operation Global Chain"လို့ နာမည်ပေးထာတာလည်း တွေ့ရပါတယ်။

အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ၊ အတင်းအဓမ္မ စေခိုင်းတာနဲ့ ရာဇဝတ်မှု ကျူးလွန်ခိုင်းတာမျိုး အပါအဝင် အတင်းအကျပ် တောင်းရမ်းခိုင်းတဲ့ ကွန်ရက်တွေကို အင်တာပိုလ်က ပစ်မှတ်ထား နှိမ်နင်းခဲ့တာပါ။

ဒါကြောင့် ကမ္ဘောဒီးယားမှာရှိနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် လူကုန်ကူးပေးတဲ့ ကွန်ရက်တခုနဲ့ ဆိုရှယ်မီဒီယာကတဆင့် အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို စည်းရုံးသိမ်းသွင်းပြီး ဥရောပရဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေဆီ တွန်းပို့နေတဲ့ကွန်ရက်တခုပါ ဖြိုခွင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးအတွင်း တွေ့ရှိချက်တွေအရ လူကုန်ကူးတဲ့ နည်းလမ်းတွေနဲ့ လမ်းကြောင်းတွေ ပြောင်းလဲလာတာကိုလည်း ဖော်ထုတ်နိုင်ခဲ့တယ်လို့ အင်တာပိုလ်ဘက်က ထုတ်ပြန်ထားပါတယ်။

အခုလိုမျိုး လူကုန်ကူးခံရသူတွေကို သက်ဆိုင်ရာနိုင်ငံအလိုက် လွှဲပြောင်းပေးခဲ့ပြီး ဖြစ်တဲ့အပြင် နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုပေါင်း ၄၆၅ ခုအထိ စတင်နေပြီ ဖြစ်တယ်လို့ပါ အင်တာပိုလ်က အတည်ပြုပါတယ်။

တချိန်တည်းမှာပဲ အင်တာပိုလ်ရဲ့  အတွင်းရေးမှူးချုပ် ဗယ်လ်ဒေစီ အူကီဇာက ဒေါ်လာဘီလီယံနဲ့ချီတဲ့ တရားမဝင်ငွေကြေးကို နှစ်စဉ်ရရှိနေတာကြောင့် လူကုန်ကူးမှုဟာ အမြတ်အစွန်းအများဆုံးနဲ့ အကျယ်ပြန့်ဆုံး ကျူးလွန်နေတဲ့ ရာဇဝတ်မှုတခုအဖြစ် ဆက်ရှိနေတယ်ဆိုပြီး မှတ်ချက်ပေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013