DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်တွင် ကန်ရေမရသဖြင့် တောင်သူများ စိုက်ပျိုးရေးအခက်တွေ့နေ 
DVB
·
June 16, 2020
ဝမ်းတွင်းမြို့နယ်တွင် ကန်ရေမရသဖြင့် တောင်သူများ စိုက်ပျိုးရေးအခက်တွေ့နေ 
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ခင်ကြီးရွာမှာ ဇွန်လ ၁၅ ရက်က မင်းဉာဏ်ရေကန်ကြီးကို ပြင်ဆင်တူးဖော်ထားပေမဲ့ ရေဝင်ခက်ပြီး ရေကန်ထဲ ရေမရောက်လို့ တောင်သူတွေ စိုက်ပျိုးရေ အခက်အခဲ ဖြစ်နေပါတယ်။

မင်းဉာဏ်ကန်ကော်မတီဥက္ကဋ္ဌ ဦးမြဌေးက "မင်းဉာဏ်ကန်ကြီး ပြင်ထားပေမဲ့ ရေမဝင်ပါဘူး။ ရေဝင်လမ်း လုပ်ပေးထားပေမဲ့ ရေဝင်လာအောင် လုပ်မပေးပါဘူး။ ကန်ကြီးပြင်ထားလည်း ရေမရှိတော့ တောင်သူတွေ ဘာမှလုပ်မရပါဘူး။ ရေရှိမှ စိုက်ပျိုးလို့ရမှာပါ ရေမရှိတော့ အကျိုး မရှိပါဘူး။ စိုက်ပျိုးလို့ မရပါဘူး။ အဲဒီတော့ စားဝတ်နေရေး မပြေလည်ပါဘူး"လို့ ပြောပါတယ်။

မင်ဉာဏ်ကန်ဘောင်အရှည် ပေ ၃၀၀၀ ကျော်ရှိနေပါတယ်။ မင်ဉာဏ်ကန်ကို အမှီပြုပြီး စိုက်ပျိုးရေးလုပ်မယ့် လယ်ယာမြေဧက ၃၀၀ ကျော်ရှိပါတယ်။ ၉လက်မ ရေထုတ်ပေါက် ၄ ပေါက်ပါ ရှိပြီး အဲဒီရေထုတ်ပေါက်ရေကို လယ်ယာမြေအတွက် ရေရအောင် တောင်သူတွေကပဲ ရေမြောင်းတူးဖော် အသုံးပြုရမှာပါ။

ဒေသခံတောင်သူကိုမျိုးညွန့်က "ကန်ထဲကို ရေလုံးဝမဝင်ပါဘူး။ ဘာကြောင့်ရေမဝင်တာလဲ ဆိုတော့ ရေဝင်မယ့်နေရာမှာ ကန်တွင်းမြေတွေမတူးပဲ ပုဂ္ဂိုလ်ရေးအရ ချန်ထားပေးပြီး ကန်ဘောင်လုပ်ထားတယ်။ ဘယ်တော့မှ ရေဝင်မှာမဟုတ်ပါဘူး"လို့ ပြောပါတယ်။

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒုဦးစီးမှူး ဦးမြတ်စိုးကျော်က "ဟုတ်ပါတယ် ရေဝင်ဖို့ အခက်အခဲရှိနေတယ်။ အုတ်ဖိုကန်က ရေပိုရေလျှံတွေ မင်းဉာဏ်ကန်ထဲကို ရေဝင်ရမှာပါ။ အဲကန် ၂ ကန်ကို ဆက်သွယ်တဲ့ ရေမြောင်းဖောက်တော့ သီးနှံစိုက်ထားတဲ့ ယာမြေတွေ ရှိနေတယ်။ လွတ်အောင်ရှောင်ပြီး လုပ်တာမို့ ရေဝင်မြောင်းအကျယ် ၄ ပေလောက်ပဲ ရတယ်။ ကန်ဘောင်ကျောက်သားက အခြောက်စီတာပါ ဘိလပ်မြေမပါပါဖူး"လို့ ပြောပါတယ်။

မင်းဉာဏ်ကန်ကြီးကို အိမ်ထောင်စု ၈၀၀ကျော် ရှိတဲ့ ခင်ကြီးရွာနဲ့ အိမ်ထောင်စု ၂၀၀ရှိတဲ့ ခင်ပန်းရွ်တို့က တောင်သူတွေ ကန်ရေ အသုံးပြုပြီး စိုက်ပျိုးရေး လုပ်ကြပါတယ်။ ကန်ရှိပြီး ရေမရှိလို့ စိုက်ပျိုးရေးအခက်အခဲဖြစ်နေပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013