DVB Logo
Home
မြန်မာသတင်း
ပုသိမ်ကြီးမြို့နယ်၌ ဒီတိုနေတာနှင့် မူးယစ်ဆေးဝါး သယ်ဆောင်လာသူများကို ဖမ်းဆီးရမိ
DVB
·
June 15, 2020
ပုသိမ်ကြီးမြို့နယ်၌ ဒီတိုနေတာနှင့် မူးယစ်ဆေးဝါး သယ်ဆောင်လာသူများကို ဖမ်းဆီးရမိ
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ (၁၆)မိုင်စစ်ဆေးရေးဂိတ်မှာ  ဒီတိုနေတာ (ဖောက်ခွဲရာမှာအသုံးပြုတဲ့ပစ္စည်း) တွေနဲ့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာသူတွေကို ဖမ်းဆီးရမိတယ်လို့ တပ်မတော်က  သတင်းထုတ်ပြန်ပါတယ်။

ပုသိမ်ကြီးမြို့နယ်ရှိ ၁၆ မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဇွန် ၁၃ ရက် မနက် ၅ နာရီခွဲလောက်က ပြင်ဦးလွင်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ထက်နိုင်ဦး မောင်းနှင်ပြီး ယာဉ်ပိုင်ရှင် ကျော်ကျော်ဌေးနဲ့ ဇနီး အေးအေးနွယ်၊ ယာဉ်နောက်လိုက် ဇင်မင်းဦးတို့လိုက်ပါလာတဲ့ ‘ထက်ဦး’ယာဉ်လိုင်းမှ မော်တော်ယာဉ်အားရပ်တန့်စစ်ဆေးရာမှာ လျှပ်စစ် စနက်တံကြိုး ၂၁ဝဝ ချောင်းပါ ပီနံအိတ် ၁၄ အိတ်(၂၉၄ဝဝ ချောင်း)နဲ့  လျှပ်စစ် ဒီတိုနေတာ ၆ဝဝဝ ချောင်း တွေ့ရှိခဲ့တာပါ။

အလားတူ ဇွန်လ ၁၃ ရက် မနက် ၈ နာရီခွဲလောက်မှာဘဲ ထွန်းမင်းလတ်မောင်းနှင်ပြီး ငြိမ်းချမ်းအောင်လိုက်ပါလာတဲ့ ယာဉ်ပေါ်က အရှည် ၁၃ ပေခန့်ရှိ မီးရှို့ဒီတိုနေတာ ၉၇ဝဝ ချောင်း၊ လျှပ်စစ်ဒီတိုနေတာ ၁၅ဝဝဝ ချောင်း၊ ယမ်းပျော့ ၄၅ဝ၃ဝ ဂရမ်၊ 88/1 စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၁၄ ပြား အားလည်းကောင်း သိမ်းဆည်းရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူတွေကို  စစ်ဆေးမေးမြန်းချက်အရ အထက်ပါပစ္စည်းတွေနဲ့ ပတ်သက်ဆက်နွယ်သူ စိုးမင်းကြည်ကို ပြည်ကြီးတံခွန်မြို့နယ်၊ မြစ်ငယ်-ထုံးဘိုလမ်းဆုံမှာ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းအရ ပြင်ဦးလွင်-မန္တလေးကားလမ်း ၂၂ မိုင်မှာလည်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စောင့်ဆိုင်းနေစဉ် မနက် ၁၁ နာရီခွဲလောက်မှာ ပြင်ဦးလွင်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ဘိုဘိုနိုင် မောင်းနှင်ပြီး  နေဝင်းထွန်းနဲ့ ထွန်းထွန်းမင်းတို့လိုက်ပါလာတဲ့ ‘ထက်ဦး’ယာဉ်လိုင်းမှ EXPRESS ယာဉ်ကို  စစ်ဆေးရာ ၂၁ မိုင် ၄ ဖာလုံနေရာမှာ ဒီတိုနေတာတွေထဲ့ထားတဲ့ ပီနံအိတ် ၂ဝ အိတ်အား ချထားခဲ့ကြောင်း သိရှိရသလို့ သွားရောက်ရှာဖွေရ  ပီနံအိတ် ၂ဝ အိတ်အတွင်းမှ ယမ်းပျော့ ၂၈၅ ဂရမ်ပါ ၃၁၄ဝ ချောင်းနဲ့ မီးရှို့ဒီတိုနေတာ ၁၈ဝ ချောင်းတို့ကို ထပ်မံ တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါတယ်။

ပစ္စည်းပို့ဆောင်မယ့် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်ရှိ ဦးဘအောင်ရဲ့ နေအိမ်ကို ဆက်လက်သွားရောက်ရှာဖွေစစ်ဆေးရာ ဦးဘအောင်အား တွေ့ရှိရှိဘဲ သားဖြစ်သူ ရဲရင့်အောင် အားအိပ်ယာဘေးရှိ ဘီစကစ် မုန့်ဘူးအတွင်းမှ ဆေးခြောက် ၂၅ ဂရမ်ခန့်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ မော်တော်ယာဉ်တွေ၊ ဒီတိုနေတာတွေ၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိသူတွေကို မဟာအောင်မြေမြို့နယ်ရဲစခန်းသို့  လွှဲပြောင်းအပ်နှံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013