DVB Logo
Home
မြန်မာသတင်း
အထက်တန်းကျောင်းများကို ကျောင်းတက်ချိန် ပုံစံ ၄ မျိုးဖြင့် ဖွင့်လှစ်မည်
DVB
·
June 15, 2020
Donate to DVB

ဇူလိုင် ၂၁ ရက်နေ့မှာ စတင်ဖွင့်လှစ်မယ့် အခြေခံပညာအထက်တန်းဆင့်ကျောင်းတွေကို ကျောင်းသူကျောင်းသားတွေ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရမယ့် Social Distancing စနစ် လိုက်နာနိုင်ဖို့ ကျောင်းတက်ချိန်ကို ပုံစံ လေးမျိုးနဲ့  သတ်မှတ်ဖွင့်လှစ်ဖို့ ပညာရေးဝန်ကြီးဌာနက စီစဉ်ထားပါတယ်။

စာသင်ခန်းတွေမှာ ၆ ပေအကွာစီ Social Distancing အရ သင်ကြားရမှာဖြစ်တာကြောင့်  A၊ B၊ C၊ D အဆင့်သတ်မှတ်ပြီး တစ်သုတ်တက်လို့ရတဲ့ကျောင်း၊  တစ်ပတ်ခြားတစ်ခါ တက်လို့ရတဲ့ ကျောင်း၊  တစ်ပတ်ခြားအပြင် နှစ်သုတ်တက်ရတဲ့ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ်  သုံးရက် တက်လို့ ရတဲ့ကျောင်းတွေ ရှိလာမယ်လို့ လှိုင်မြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းအေးက ပြောပါတယ်။

အခုဆိုရင်   ဆရာ၊ ဆရာမတွေအတွက်  သင်ရိုးသစ်နည်းပြသင်တန်းတွေ  ဖွင့်လှစ်ပေးနေ သလို လှိုင်မြို့နယ်ထဲ ကျောင်းတွေကို ညွှန်ကြားချက်နဲ့ အညီ  ဖွင့်လှစ်နိုင်အောင်လည်း  စီစဉ်ထားပါတယ်။

ရန်ကုန်တိုင်းအတွင်း အထက်တန်းကျောင်းပေါင်း ၅၆၃၃ ကျောင်းရှိပြီး လှိုင်မြို့နယ်အတွင်းမှာတော့ အခြေခံပညာကျောင်းပေါင်း ၃၈ ကျောင်း ရှိနေပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးကာလ အခြေခံပညာအထက်တန်းကျောင်းပြန်တွေပြန်ဖွင့်ရာမှာ  ကျန်းမာရေးဌာနရဲ့ သတ်မှတ်ချက်နဲ့အညီ ဖွင့်လှစ်နိုင်ဖို့   ကျောင်းသားမိဘတွေနဲ့ သက်ဆိုင်ရာအဖွဲ့တွေက ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

အရင်ကဆိုရင် အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက်နေ့ စတင်ဖွင့်လှစ်ခဲ့ပေမဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် ဒီနှစ်မှာတော့  ဇူလိုင်  ၁၃ ရက်ကနေ  ၁၇ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ်  သတ်မှတ်ဆောင်ရွက်သွားမှာပါ။

ကျောင်းပြန်ဖွင့်ပါက နှစ်စဉ်အခမဲ့ပေးနေကျ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ် အပါအဝင်  ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ပြန်လည်အသုံးပြုနိုင်မယ့် နှာခေါင်းစည်း နှစ်ခု၊ မျက်နှာအကာ တစ်ခုစီပေးဖို့ စီစဉ်ထားပါတယ်။

အထက်တန်းအဆင့်ကျောင်းတွေကို ဖွင့်လှစ်တဲ့ အခြေအနေပေါ်မူတည်ပြီး  ၂ ပတ်အကြာမှာ အလယ်တန်းနဲ့ မူလတန်းအဆင့်ကျောင်းတွေကို တစ်ဆင့်ချင်းစီ ဖွင့်လှစ်ပေးဖို့ ရှိနေပါတယ်။

နန့်ခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013