DVB Logo
Home
မြန်မာသတင်း
ဖျာပုံမြို့နယ်တွင် စီးပွားဖြစ် မိုးစပါး မျိုးသန့်မျိုးစေ့ ဧက ၃၀၀ ကျော် တိုးချဲ့ စိုက်ပျိုး 
DVB
·
June 15, 2020
ဖျာပုံမြို့နယ်တွင် စီးပွားဖြစ် မိုးစပါး မျိုးသန့်မျိုးစေ့ ဧက ၃၀၀ ကျော် တိုးချဲ့ စိုက်ပျိုး 
Donate to DVB

ကိုဗစ်ကာလအတွင်း ဖျာပုံမြို့နယ်အတွင်းမှာ မိုးစပါးစိုက်ဧက ၂ သိန်း ၁ သောင်း စိုက်ပျိုးခဲ့ပြီး စီးပွားဖြစ် မျိုးသန့်မျိုးစေ့ ၃၀၃ ဧက ထပ်မံတိုးချဲ့ စိုက်ပျိုးသွားနေတယ်လို့ ဖျာပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ပြောပါတယ်။

စီးပွားဖြစ်မျိုးစေ့၊ မျိုးသန့် စပါးကို ပြီးခဲ့တဲ့နှစ်က ဧက ၁၅၀ စိုက်မျိုးထုတ်လုပ်ရာမှ အခုနှစ် တောင်သူတွေ စပါးမျိုးကောင်းမျိုးသန့် ရရှိစေဖို့ ဒီနှစ်မိုးရာသီမှာ မျိုးစေ့၊ မျိုးသန့် စပါး ဧက ၃၀၃ ဧက တိုးချဲ့စိုက်ပျိုးသွားမယ်လို့ ဖျာပုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြိုနယ် ဦးစီးအရာရှိ ဦးမောင်မောင်သွင်က ပြောပါတယ်။

ရှမ်းကွင်းကျေးရွာ တောင်သူ ဦးအောင်မြင့်က “မျိုးစေ့၊ မျိုးသန့်စပါးက ၁ ဧကကို စပါးတင်း ၅၀ ထွက်တယ်၊ တင်း ၁၀၀ ကို ၁၂ သိန်းစျေး ရောင်းရတယ်။ ကျွန်တော်တို့ လယ်သမားတွေအားလုံးကို ကိုယ်စားပြုတဲ့ ထိရောက်တဲ့ ဥပဒေ ပြန်လည်ရေးစွဲပေးစေချင်တယ်” လို့ ပြောပါတယ်။

ရင်းနှီးမြှုပ်နှံမှုအတွက် နိုင်ငံတော်က ထပ်မံကူညီပံ့ပိုးစေချင်တယ်၊ ဒါမှ ဒီထက်မက ထုတ်လုပ်နိုင်မှာလို့ တောင်သူ ဦးစန်းမြင့်က ပြောပါတယ်။

ဖျာပုံမြို့နယ်အတွင်းမှာ အခုအချိန်ဟာ မိုးစပါးစိုက်ပျိုးရာသီ ထွန်ယက်စိုက်ပျိုးချိန်ဖြစ်တာကြောင့် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူတွေထံ မျိုးသန့် မျိုးစေ့ ထောက်ပံ့ပေးထားပါတယ်။

စိုက်ပျိုးရေးဘဏ်က မိုးစပါးစိုက်ပျိုးချေးငွေ လယ် ၁ ဧကကို ကျပ် ၁ သိန်းခွဲနှုန်းနဲ့ လယ် ၁၀ ဧကအထိ ချေးပေးနေပေမယ့် လယ် ၁၀ ဧကအထက် လုပ်ကိုင်နေတဲ့ တောင်သူတွေဟာ စိုက်ပျိုးရင်းနှီးစရိတ် ပိုမိုများပြားတာကြောင့် အခက်အခဲရှိနေတယ်လို့ တောင်သူတွေက ပြောပါတယ်။

ကျော်စိုးမိုး 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013