DVB Logo
Home
မြန်မာသတင်း
ပြည်ပတင်သွင်းခွင့် မရသေးသဖြင့် ရခိုင်ပြည်နယ် ကဏန်းလုပ်ကိုင်သူများ ဆုံးရှုံးမှုကြုံနေရ
DVB
·
June 14, 2020
ပြည်ပတင်သွင်းခွင့် မရသေးသဖြင့် ရခိုင်ပြည်နယ် ကဏန်းလုပ်ကိုင်သူများ ဆုံးရှုံးမှုကြုံနေရ
Donate to DVB

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ ကဏန်းတွေကို ပြည်ပ တင်သွင်းခွင့် မရရှိသေးတာကြောင့် ကဏန်းစျေး တည်ငြိမ်မှုမရှိဘဲ ဈေးနှုန်းကျဆင်းနေကာ ဆုံးရှုံးမှု ကြုံနေရတယ်လို့ ကဏန်းရောင်းဝယ်ရေး လုပ်သူတွေက ပြောပါတယ်။

အခုနှစ် ဇွန်လအစပိုင်းက ကဏန်းအကြီး ၁ ကီလိုကို ကျပ် ၅၀၀၀ မှ ကျပ် ၆၀၀၀ အထိ စျေးတက်ခဲ့ပေမယ့် လက်ရှိမှာ ၁ ကီလိုကို ၂၅၀၀ ကျပ်အထိ စျေးပြန်ကျဆင်းသွားတယ်လို့ မာန်အောင်မြို့နယ်က ကဏန်း ဝယ်ယူရောင်းချနေသူ ကိုစိုးငြိမ်းဇော်က DVB ကို ပြောပါတယ်။

“ကဏန်းစျေးက မငြိမ်ဘူးဗျ။ လအစပိုင်းကတော့ စျေးနည်းနည်း တက်တယ်။ အခု စျေးပြန်ပြီး ကျဆင်းသွားတယ်။ အခုတော့ အကြီး ၁ ကီလိုကို ၂၅၀၀၊ အငယ်ကတော့ ၁၅၀၀ နဲ့ ဝယ်နေရတယ်။ ပြီးတော့ ပြည်ပစျေးကွက်ကလည်း မဖွင့်သေးဘူးဆိုတော့ စျေးကမငြိမ်ဘူး ဖြစ်နေတယ်။ ကျနော်တို့လည်း အခက်တော်တော်တွေ့တယ်။ အရောင်းအဝယ်လုပ်ရတာ ရှုံးတာလည်း တော်တော်များနေပြီ။” 

မာန်အောင်မြို့နယ်အတွင်းက ကဏန်းရှာဖွေသူတွေအနေနဲ့ မိုးဦးပိုင်း တက်ကဏန်းတွေကို အရင်နှစ်တွေက စျေးကောင်းရရှိမှုကြောင့် တနေ့ ငွေကျပ် ၄၀,၀၀၀ အထိရရှိခဲ့ပေမယ့် အခုနှစ်မှာ စျေးကောင်းမရတာကြောင့် တနေ့တာအတွက် ငွေကျပ် ၁၅,၀၀၀ အထိသာ ရရှိနေတယ်လို့ ဆိုပါတယ်။

ရမ်းဗြဲမြို့နယ် ကဏန်းအရောင်းအဝယ် လုပ်ကိုင်သူ ကိုမင်းနိုင်က “အခုတော့ ကယ်ရီ ကဏန်းတွေကို ၅၀၀၀ စျေးနဲ့ ပြန်ရောင်းနေတယ်။ ကျနော်တို့ မွေးကဏန်း ဝယ်တုန်းကလည်း ၅၀၀၀ ပဲ။ ဒါပေမဲ့ စားဝတ်နေရေးအတွက် အရင်းအတိုင်းနဲ့ ပြန်ရောင်းနေရတယ်။ ဒါတောင် တောင်ကုတ်ဘက်က ဝယ်တာမဟုတ်ဘူး။ တပ်တောင်ဘက်က လာဝယ်တာ၊ တပ်တောင်ဘက်မှာတော့ စျေးကွက်တခုဖြစ်နေတယ် ကြားတယ်။ ဘယ်ကို ပို့တယ်ဆိုတာတော့ ကျနော်တို့ မသိဘူး” လို့ သူက ပြောပါတယ်။

နှစ်စဉ် ကဏန်း ၁ ကီလိုကို ပျမ်းမျှ ၈၀၀၀ ကျပ်နှုန်းလောက် ရောင်းချရပေမယ့် တရုတ်နိုင်ငံက စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ထားတဲ့အတွက် ကဏန်းစျေးမှာ အဆမတန် ကျဆင်းသွားခဲ့ပြီး ကဏန်းကယ်ရီ လုပ်ကိုင်သူ၊ ကဏန်းရှာဖွေသူတွေ အခက်တွေ့နေရတယ်လို့ သိရပါတယ်။

ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013