
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်တာအူအွန်အသင်းဟာ အိမ်ကွင်းပွဲစဉ် ၂ ပွဲကို ကွင်းပိတ်ကစားဖို့ ပြစ်ဒဏ်ချမှတ်ခံရပါတယ်။
ဒါ့အပြင် ဆော်ဒီရီယယ် ၁ သိန်းလည်း ဒဏ်ငွေဆောင်ရမှာ ဖြစ်ပါတယ်။
အယ်လ်တာအူအွန် ပရိသတ်တွေဟာ အယ်လ်ဟီလယ် ကွင်းလယ်လူ ရူဘင်နီဗက်စ်ကို ကွယ်လွန်သွားတဲ့ သူ့ရဲ့သူငယ်ချင်း ဂျိုတာရဲ့အမည်ကို အော်ဟစ်ကာ လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။
လီဗာပူး တိုက်စစ်မှူးဟောင်း ဂျိုတာဟာ မနှစ် ဇူလိုင်လက ယာဉ်တိုက်မှုကြောင့် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ နီဗက်စ်ရဲ့ ရင်းနှီးတဲ့သူငယ်ချင်း ဖြစ်ပါတယ်။
ပွဲပြီးတဲ့နောက်မှာတော့ နီဗက်စ်က “သူတို့လုပ်ထားတဲ့ အပြစ်တွေအတွက် ဘုရားကျောင်းမှာ သွားပြီး အပြစ်ဆေးမနေဖို့ဘဲ မျှော်လင့်တယ်” လို့ ပြောကြားခဲ့ပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုကလည်း အဲဒီပရိသတ်တွေကို တသက်တာ ပွဲပယ်ပြစ်ဒဏ်ပေးဖို့ တောင်းဆို ထားပါတယ်။
Photo:Reuters











