DVB Logo
Home
မြန်မာသတင်း
မိုးကုတ်တွင် ရဲ ၂ ဦးနှင့်ဒေသခံ ၁ ဦးကို TNLA ဖမ်းဆီးခေါ်ဆောင်ဟု တပ်မတော်ထုတ်ပြန်
DVB
·
June 14, 2020
မိုးကုတ်တွင် ရဲ ၂ ဦးနှင့်ဒေသခံ ၁ ဦးကို TNLA ဖမ်းဆီးခေါ်ဆောင်ဟု တပ်မတော်ထုတ်ပြန်
Donate to DVB

မန္တလေးတိုင်း မိုးကုတ်မြို့နယ်အတွင်း မိုးကုတ်မြို့မရဲစခန်းမှ ရဲ ၂ ဦးနဲ့ ဒေသခံ ၁ ဦးတို့ကို TNLA အဖွဲ့က ဇွန် ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်လောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်ဦးနဲ့ ရဲတပ်သား ခိုင်ခန့်အောင်တို့ ၂ ဦးဟာ မိုးကုတ်မြို့နယ် သဒွတ်ရွာနေ ယာဉ်မောင်း ဦးအောင်ကျော်မိုး မောင်းနှင်တဲ့ HIJET အမျိုးအစား မော်တော်ယာဉ်နဲ့ လယ်ကြီးရဲကင်းစခန်းကို တာဝန်လဲလှယ်ထမ်းဆောင်ဖို့ အရပ်ဝတ်နဲ့ ထွက်ခွာလာစဉ် ညောင်ကုန်း(အောက်)ရွာအရောက်မှာ TNLA အဖွဲ့အင်အား ၅၀ ဦးလောက်က သူတို့ ၃ ဦးကို ဟိုးဝိတ်ကျေးရွာဘက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော်က သတင်း ထုတ်ပြန်ပါတယ်။

လတ်တလောမှာတော့ အဲဒီပတ်ဝန်းကျင်တဝိုက်ကို တပ်မတော်စစ်ကြောင်းတွေက စုံစမ်း စစ်ဆေးတာနဲ့ နယ်မြေလုံခြုံရေးလုပ်တာတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

TNLA အဖွဲ့ပြောခွင့်ရသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကလည်း မနေ့က မိုးကုတ်-ကျောက်မဲသွားကားလမ်း ညောင်ကုန်းနားမှာ ရှောင်တခင်စိစစ်နေတုန်း ကားပေါ်ပါလာသူ ရဲတွေကို ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။

“တို့ဆီမှာ ရဲယူနီဖောင်းတွေ့တယ်။ သူတို့ကလည်း ရဲလို့ ပြောတယ်။ ရဲတပ်ကြပ်ကြီးတယောက်နဲ့ တပ်သား ၂ ယောက်ပါ။ အရပ်သား မဟုတ်ပါဘူး။ ဘာဖြစ်လို့ဖမ်းလဲ ဆိုတော့ သူတို့လည်း လက်နက်ကိုင်ဖြစ်နေလို့ပါ။ အရင်ကလည်း ရဲဆိုရင်လည်း ဖမ်းဖူးပါတယ်။ အခုကတော့ စစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013