DVB Logo
Home
မြန်မာသတင်း
မဘိမ်းမြို့နယ်တွင် ငွေကျပ်သိန်း ၁၄,၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးဆေးများ ဖမ်းမိ
DVB
·
June 14, 2020
မဘိမ်းမြို့နယ်တွင် ငွေကျပ်သိန်း ၁၄,၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးဆေးများ ဖမ်းမိ
Donate to DVB

ရှမ်းပြည်နယ် မဘိမ်းမြို့နယ်မှာ ငွေကျပ်သိန်း ၁၄,၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၂ ရက်နေ့ ညနေ ၄ နာရီခွဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မဘိမ်းမြို့နယ်၊ ခတ်ခုံကျေးရွာအုပ်စု၊ ခတ်ခုံကျေးရွာ-မိုမင်တန်သစ်ထုတ်လုပ်ရေးသွားလမ်း၊ သစ်ဖွဲ့ပင်ပြန့်ဆင်စခန်းရှိ အောင်ကျော်ကျော်ရဲ့ နေအိမ်တဲကို ရှာဖွေရာ ထွန်းကြိုင်အား အတူတွေ့ရှိရတယ်လို့ ဆိုပါတယ်။

နေအိမ်တဲထဲကနေ ကျပ်သိန်း ၁၄,၂၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇၁၁,၀ဝ၀ ပြား သိမ်းဆည်းရမိခဲ့ပြီး အောင်ကျော်ကျော်နဲ့ ထွန်းကြိုင် တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013