DVB Logo
Home
မြန်မာသတင်း
အိမ်ပြင်ထွက်သည့်လူများ Mask တပ်ရန် တောင်ကြီးမြို့မစျေးတွင် ကမ်ပိန်းလုပ်
DVB
·
June 13, 2020
အိမ်ပြင်ထွက်သည့်လူများ Mask တပ်ရန် တောင်ကြီးမြို့မစျေးတွင် ကမ်ပိန်းလုပ်
Donate to DVB

လူတွေ Mask မတပ်ဘဲ အိမ်ပြင်ထွက် သွားလာလှုပ်ရှားသူတွေ များလာတာကြောင့် COVID-19 Prevention Volunteer Group Southern Shan အဖွဲ့က တောင်ကြီးမြို့ မြို့မစျေးမှာ ဇွန် ၁၃ ရက်က Mask ကမ်ပိန်းပြုလုပ်ပါတယ်။

Mask တွေ ဝေတယ်၊ သေမင်းပုံစံဖြင့် mask တပ်မလား ခေါ်ရမလားဆိုပြီးတော့ လူတွေကို သတိပေးတဲ့ပုံစံနဲ့ ကမ်ပိန်းလုပ်တာ ဖြစ်တယ်လို့ COVID-19 Prevention Volunteer Group Southern Shan အဖွဲ့ခေါင်းဆောင် နှင်းနွေအေးက ပြောပါတယ်။

“လုပ်ရတဲ့ ရည်ရွယ်ချက်က အားလုံးက တည်ငြိမ်လာကြပြီ။ ဗိုင်းရပ်စ်ကိုလည်း မကြောက်ကြတော့ဘူး။ စားဝတ်နေရေးကြောင့်လည်း ထွက်လာကြရပြီဆိုတော့ ဒါကို သတိပေးချင်တယ်။ Mask တွေ ဝေဖြစ်တယ်။ အစကတော့ သီချင်းတွေထည့်မယ်၊ အကတွေ ထည့်မယ်၊ ပါဖောမန့်တွေ လုပ်မယ်ပေါ့။ ဒါပေမဲ့ အစီအစဉ်ပြောင်းလိုက်ရတယ်။ တဖွဲ့စီ Mask ဝေတယ်။ တဖွဲ့စီတိုင်းမှာ သေမင်းတယောက် ပါမယ်၊ ဗိုင်းရပ်စ်တကောင် ပါတယ်။ ဗိုင်းရပ်စ်က လူတွေက သတိမထားမိဘဲ ကိုယ့်အနီးအနားမှာ ရှိနေနိုင်တယ်ဆိုတဲ့ မက်ဆေ့ချ်လေး ပေးချင်တာပါ။ သေမင်းကတော့ သူတို့အနေနဲ့ Mask တပ်မလား၊ လာခေါ်ရမလား၊ ငါ့နောက် လိုက်ခဲ့မလားဆိုတဲ့ စကားလုံးလေးတွေနဲ့ စနောက်ပြီး သတိပေးထားတာပါ။ ခြောက်လှန့်တဲ့သဘော မဟုတ်ဘူး၊ သတိပေးရုံသက်သက်ပေါ့။ Mask ဝေတဲ့သူတွေအားလုံးလည်း လက်အိတ်တွေ စွပ်ထားတယ်၊ Mask တွေ တပ်ထားတယ်၊ Social Distance တွေလည်း လုပ်ထားပါတယ်။”

ကိုဗစ်-၁၉ ရောဂါကူးစက်မှုက များလာပေမယ့် လူတွေက စားဝတ်နေရေး လိုအပ်ချက်အရ အိမ်ပြင်ထွက်ပြီး Mask မတပ်သူတွေလည်း များလာကြပါတယ်။

တောင်ကြီး မြို့မစျေးအတွင်း ဝင်ရောက်စျေးဝယ်ပါက Mask တပ်ပြီးမှ ဝင်လို့ရတယ် ဆိုပေမယ့် အိုးရှင်းစင်တာတွေ စျေးအပြင်ဘက်တွေ Mask မတပ်ဘဲ သွားလာနေကြပါတယ်။

Mask ကမ်ပိန်းကို တောင်ကြီးမြို့ပေါ်ရှိ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ အောင်သပြေစျေး၊ ရွှေညောင်မီးပွိုင့်နဲ့ တခြားနေရာတွေမှာလည်း အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013