DVB Logo
Home
မြန်မာသတင်း
နယ်စပ်ခြံစည်းရိုးကျော်တက်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်သူ ၂ ဦး ဖမ်းမိ
DVB
·
June 13, 2020
နယ်စပ်ခြံစည်းရိုးကျော်တက်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်သူ ၂ ဦး ဖမ်းမိ
1 / 2
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့အနီးရှိ ကညင်းချောင်း၊ ချောင်းဝစခန်းအနီး နယ်စပ်ခြံစည်းရိုး မိုင်တိုင် ၅၈၀ အနီး နယ်စပ်ခြံစည်းရိုး ကျော်တက်ကာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မူးယစ်ဆေး ပို့ဆောင်သူ ၂ ဦးကို မူးယစ်ဆေးတွေနဲ့အတူ ဇွန် ၁၁ ရက်နေ့ ည ၁ဝ နာရီခွဲက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

“ကညင်းချောင်းစခန်းအနီးက ခြံစည်းရိုးကို ကျော်တက်နေတာကို မသင်္ကာလို့ ဝိုင်းဖမ်းတာ မူးယစ်ဆေးတွေပါ မိတယ်” လို့ စခန်းတာဝန်ရှိသူတဦးက DVB ကို ပြောပါတယ်။

မောင်တောမြို့ ရွှေစားကျေးရွာအုပ်စု ကံဘဲ့ကျေးရွာမှာ နေထိုင်တဲ့ အာရာဖတ် (၂၂-နှစ်) နဲ့ မာမတ်နူရ် (၁၉-နှစ်) တို့ကို WY စိတ်ကြွရူးသွပ်ဆေးပြား ၃၄၁၂၅ဝ ပြားနဲ့အတူ ဖမ်းဆီးမိတာဖြစ်ပြီး ပြင်ဖြူနယ်မြေ ရဲစခန်းမှာ မူးယစ်ဆေးဥပဒေနဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခိုးဝင် ခိုးထွက်သူတွေမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူတွေ ရှိနေချိန်မှာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မူးယစ်ဆေး ပို့ဆောင်ဖို့ ခြံစည်းရိုး ကျော်တက်သူတွေကို ပထမဆုံးအကြိမ် ဖမ်းဆီးရမိတာလည်း ဖြစ်ပါတယ်။

မောင်တောနယ်စပ်တလျှောက် ခြံစည်းရိုးတွေကို ကျပ်ဘီလီယံချီ အကုန်အကျခံ တည်ဆောက်ထားပေမယ့် အရည်အသွေး ညံ့ဖျင်းမှုတွေ ရှိနေတာလည်း တွေ့ရှိရပါတယ်။



လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013