DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်ထဲ ကိုဗစ်-၁၉ ဓာတ်ခွဲအဖြေစောင့်နေသူ ၄၀၀ ကျော်ရှိ
DVB
·
June 13, 2020
ကချင်ပြည်နယ်ထဲ ကိုဗစ်-၁၉ ဓာတ်ခွဲအဖြေစောင့်နေသူ ၄၀၀ ကျော်ရှိ
Donate to DVB

ကချင်ပြည်နယ်ထဲမှာ မနေ့က ကိုဗစ်-၁၉ ဓာတ်ခွဲအဖြေစောင့်နေသူပေါင်း ၄၀၀ ကျော်ရှိပြီး အသွားအလာကန့်သတ်ခံရသူ ၃၅၀၀ လောက်ရှိပါတယ်။

ဇွန် ၁၁ ရက်နေ့က ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာအမှတ် ၂၄၉ ကို တွေ့ရှိခဲ့ပြီးနောက် ဆက်စပ်ထိတွေ့ခဲ့သူတွေကို ရှာဖွေ အသွားအလာကန့်သတ်တာတွေ လုပ်နေတယ်လို့ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဖားကန့်မှာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခံနေရသူပေါင်း ၉၉၂ ယောက်ရှိလို့ အများဆုံးဖြစ်ပြီး မြစ်ကြီးနားမှာတော့ ၆၃၂ ယောက်၊ ကချင်တပြည်နယ်လုံးမှာ ၃၄၇၉ ယောက် ရှိပါတယ်။ 

အိမ်မှာပဲ အသွားအလာကန့်သတ်ထားသူ ၁၀၄၆ ယောက်ရှိပြီး ဆေးရုံနဲ့ သတ်မှတ်နေရာတွေမှာ အသွားအလာ ကန့်သတ်ထားသူပေါင်း ၂၄၃၃ ယောက် ရှိပါတယ်။

ဒီထဲမှာ ဓာတ်ခွဲအဖြေစောင့်နေသူပေါင်းကတော့ ၄၃၆ ယောက် ရှိပါတယ်။

ဇွန် ၁၂ ရက်နေ့အထိ ကချင်ပြည်နယ်ကနေ ဓာတ်ခွဲစစ်ဆေးဖို့ နမူနာပေးခဲ့သူပေါင်း ၂၃၁၉ ယောက်ရှိပြီး ဒီထဲက လူနာအမှတ် ၁၄၄ နဲ့ ၂၄၉ တို့ ၂ ယောက်မှာ ရောဂါပိုးတွေ့ခဲ့တာပါ။

လူနာအမှတ် ၂၄၉ ဟာ မေ ၂၄ ရက်နဲ့ ၂၆ ရက်တို့မှာ လွယ်ဂျယ်မြို့က နယ်စပ်ဝင်ပေါက် ၂ မှာ၊ ဇွန် ၃ ရက်မှာတော့ လွယ်ဂျယ်နယ်စပ်ဝင်ပေါက်အထွက်က ဂိုဒေါင်မှာ Fever Surveillance တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ပြီးတော့ မေ ၂၈ နဲ့ ဇွန် ၁၀ ရက်တို့မှာလည်း ကျန်းမာရေးစောင့်ရှောက်မှု တာဝန်တွေ ထမ်းဆောင်ခဲ့ပြီး လုပ်ငန်းလိုအပ်ချက်အရ ဗန်းမော်မြို့နဲ့ မိုးမောက်မြို့တို့ကိုလည်း သွားရောက်ခဲ့ပါတယ်။ ဗန်းမော်မြို့မှာတော့ ဆရာမတယောက်ရဲ့ အိမ်မှာ တည်းခိုခဲ့ပြီး အဲဒီဆရာမကတော့ တက္ကသိုလ်ဝင်တန်း အဖြေလွှာတွေ စစ်ဆေးဖို့ မြစ်ကြီးနားမြို့ကို ရောက်နေတယ်လို့ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

သူတို့တွေရဲ့ ဓာတ်ခွဲနမူနာတွေကို ဇွန် ၁၂ ရက်နဲ့ ၁၄ ရက်တို့မှာ ရန်ကုန်ကို ပေးပို့ စစ်ဆေးသွားမယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013