DVB Logo
Home
မြန်မာသတင်း
ရသေ့တောင် ဒုံးပိုက်ရဲကင်းစခန်း တိုက်ခိုက်ခံရ 
DVB
·
June 13, 2020
ရသေ့တောင် ဒုံးပိုက်ရဲကင်းစခန်း တိုက်ခိုက်ခံရ 
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာအနီးရှိ ရဲကင်းစခန်း ဇွန် ၁၃ ရက်နေ့ မနက် ၄ နာရီကျော်လောက်က ဝင်ရောက်တိုက်ခိုက်ခံရတယ်လို့ ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက DVB ကို ပြောပါတယ်။

“ဟုတ်ပါတယ်။ ဖြစ်စဉ်က မှန်ပါတယ်။ မနက် ၄ နာရီကျော်လောက်မှာဖြစ်တာလို့ သိရပါတယ်။ သေဆုံး၊ ပျောက်ဆုံးနဲ့ ကျဆုံး ဘယ်လောက်လဲဆိုတာ အတိအကျ မသိပါရသေးဘူး။ ရွာသူရွာသားတွေအားလုံး ထွက်ပြေးနေတယ်။ နခခ ကို ဆက်သွယ်နေတယ်။ အတိအကျရရင် ပြောပေးပါမယ်။”

ဒုံးပိုက်ကျေးရွာစခန်း တိုက်ခိုက်ခံရပြီးနောက် ဒုံးပိုက်ကျေးရွာသားတွေ ရွာလုံးကျွတ် ထွက်ပြေးနေကြတယ်လို့ ထွက်ပြေးလာတဲ့ ဦးကျော်မြင့်က ပြောပါတယ်။

“မနက်အရုဏ်မှာစပြီး တိုက်ပွဲဖြစ်တယ်၊ မိုးအလင်းဖြစ်ကြတာ။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ဆူညံနေတာပဲ။ ရွာသူရွာသားတွေ အိမ်အောက်တွေမှာ ပုန်းခိုနေရတာပေါ့။ မိုးလင်းတာနဲ့ နီးစပ်ရာရွာတွေကို ထွက်သွားကြပါပြီ။ ရွာမှာ ဘယ်သူမှ မရှိတော့ပါဘူး။ စခန်းကျသွားတယ်လို့တော့ သိရတယ်။ အသေအပျောက်တော့ မသိရဘူး။ ဘယ်သူက သွားရဲမှာလဲ။”

ဒုံးပိုက်ရဲကင်းစခန်းကို ဘယ်လက်နက်အဖွဲ့က လာရောက်တိုက်ခိုက်တယ်ဆိုတာတော့ မသိရသေးဘူးလို့ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

ရဲကင်းစခန်း တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်‌ကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူ။ အလားတူ အေအေ အဖွဲ့ကိုလည်း ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

မေလ ၂ ရက်နေ့ ညနေပိုင်းကလည်း ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ အရက်ဆိုင်တခုမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို အေအေအဖွဲ့က လာရောက်ပစ်ခတ်တာကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး နယ်ခြားစောင့် ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013