DVB Logo
Home
မြန်မာသတင်း
မြဝတီ အကောက်ခွန်ဝန်ထမ်းအိမ်ရာ သတ်မှတ်ကာလမပြီးစီးပါက လျော်ကြေးပေးရမည်ဟု စည်ပင်ဝန်ကြီး သတိပေး
DVB
·
June 13, 2020
မြဝတီ အကောက်ခွန်ဝန်ထမ်းအိမ်ရာ သတ်မှတ်ကာလမပြီးစီးပါက လျော်ကြေးပေးရမည်ဟု စည်ပင်ဝန်ကြီး သတိပေး
Donate to DVB

မြဝတီမြို့နယ် အကောက်ခွန်ဝန်ထမ်းအိမ်ရာ တင်ဒါအောင်ကုမ္ပဏီအနေနဲ့ စက်တင်ဘာလအတွင်း လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်ဖို့နဲ့ သတ်မှတ်ရက်ထက်ကျော်လွန်ပြီး လုပ်ငန်းမပြီးစီးပါက လျော်ကြေးပေးရမယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာဝန်ကြီးက ဦးသန်းနိုင်က သတိပေးပြောဆိုပါတယ်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအဆောက်အဦ ရန်ပုံငွေနဲ့ အကောက်ခွန်ရုံး ဝန်ထမ်းအိမ်ရာ အဆောက်အဦကို တာဝန်ယူတည်ဆောက်နေတဲ့ ကုမ္ပဏီအား ဇွန်လ ၁၂ ရက်နေ့က ကွင်းဆင်းစစ်ဆေးစဉ် သတိပေးလိုက်တာပါ။

မြဝတီမြို့နယ် အကောက်ခွန်ဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ၊ ၃ ထပ်၊ ပေ ၁၂၀ ပေ ၅၀ အဆောက်အဦကို တာဝန်ယူတည်ဆောက်နေတဲ့ ကုမ္ပဏီက သတ်မှတ်ထားတဲ့ လုပ်ငန်းပြီးစီးမှု ၂၀ ရာခိုင်နှုန်းကို ပြည့်မီအောင် ဆောက်ရွက်ထားနိုင်ခြင်းမရှိတဲ့အတွက် အခုလို ပြောဆိုလိုက်တာပါ။

ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာဝန်ကြီးက ဦးသန်းနိုင်က “ပြည်သူပြည်သားတွေဆီက ကောက်ထားတဲ့ ပိုက်ဆံတွေ။ အလုပ်လုပ်ရာမှာ အိမ်(မိမိအိမ်)လို စိတ်ဓာတ်ထားပြီး လုပ်ပေးပါ။ စက်တင်ဘာလဆန်းမှာ ပြီးကိုပြီးရမယ်။ အဲဒီထက်ကျော်သွားရင် လျော်ကြေးပေးရမယ်။ အဲဒီထက်နောက်ကျလို့ မရဘူး” လို့ ဆိုပါတယ်။

တင်ဒါအောင်ကုမွဏီတွေအနေနဲ့ သတ်မှတ်ကာလအတွင်း လုပ်ငန်းအနည်းဆုံး ၂၅ ရာခိုင်နှုန်း ပြီးစီးအောင်လုပ်ဆောင်ရမှာဖြစ်ပေမယ့် ကိုဗစ်ကာလလုပ်ငန်းဆောင်ရွက်ရာမှာ အဆင်ပြေစေဖို့ အတွက် ‌ဖြေ‌လျှော့မှုအနေနဲ့ ၂၀ ရာခိုင်နှုန်း ဖြေလျော့ပေးထားပါတယ်။

ကရင်ပြည်နယ်အတွင်း ဘတ်ဂျက်ရေးဆွဲပြီး တနှစ်တခါ လုပ်ငန်းပြီးစီးမှုတွေကို ၆ လ ၁ ကြိမ် ပြည်ထောင်စုဝန်ကြီးဌာနကို တင်ပြနိုင်ဖို့နဲ့ သတ်မှတ်ရာခိုင်နှုန်း လုပ်ငန်းမပြီးစီးတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းအချိန်မီပြီးစီးနိုင်ဖို့ ကွင်းဆင်းစစ်ဆေးရတာလို့ တာဝန်ရှိသူက ပြောပါတယ်။

မြဝတီမြို့ ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာခွင့်ပြုရန်ပုံငွေနဲ့ မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အ.ထ.က (၃) ၊ အကောက်ခွန်ရုံးဝန်ထမ်းအိမ်ရာ၊ အမှတ် ၆၊ ၇ တိုးချဲ့ရပ်ကွက်နဲ့ စည်ပင်ပန်ခြံနဲ့ ရေပေးဝေရေး၊ စိမ်းလဲ့မြိုင်ကားကြီးကွင်း၊ မြကနယ်တိုးချဲ့ကွက်သစ်ဈေးနဲ့ ရေပေးဝေရေး၊ သင်္ဃန်းညီနောင် ဈေးသစ်စီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013