DVB Logo
Home
မြန်မာသတင်း
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ တာချီလိတ်သို့ လာရောက် (ဓာတ်ပုံ)
DVB
·
June 13, 2020
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ တာချီလိတ်သို့ လာရောက် (ဓာတ်ပုံ)
1 / 7
Donate to DVB

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ဟာ ဇွန် ၁၂ ရက် နေ့လယ်ပိုင်းက တာချီလိတ်မြို့ကို လေကြောင်းခရီးနဲ့ ရောက်ရှိခဲ့ပါတယ်။

သူနဲ့အတူ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းလတ်လည်း အတူပါလာပြီး တာချီလိတ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ NLD ပါတီဝင်တွေက ကြိုဆိုကြပါတယ်။

ဦးထွန်းထွန်းဟိန်နဲ့ အဖွဲ့ဟာ ဇွန် ၁၃ ရက် မနက်ပိုင်းမှာ တာချီလိတ်မြို့နယ် ပါတီအလုပ်အမှုဆောင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ အာဏာရ NLD ပါတီဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ဖို့ ပြင်ဆင်နေတဲ့ ကာလလည်း ဖြစ်ပါတယ်။



Photo - MeKongNews / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013