DVB Logo
Home
မြန်မာသတင်း
ကလေးလုပ်သား ၆ သိန်းခန့် အန္တရာယ်ရှိ လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရ
DVB
·
June 12, 2020
ကလေးလုပ်သား ၆ သိန်းခန့် အန္တရာယ်ရှိ လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရ
Donate to DVB

မြန်မာပြည်တွင်းရှိ အသက် ၁၈ နှစ်အောက် ကလေးလုပ်သား ၁ ဒသမ ၂ သန်းလောက်မှာ ၆ သိန်းလောက်က အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရပါတယ်။ 

လက်ရှိ ပြည်တွင်း ကိုဗစ်၁၉ ရောဂါဖြစ်ပွားမှုအခြေအနေတွေကြောင့် ကလေးလုပ်သားတွေ လျော့နည်းပပျောက်ဖို့ထက် ပိုပြီးများနိုင်တဲ့အခြေအနေတွေကိုသာ ကြုံလာရနိုင်တယ်လို့ အလုပ်သမားအဖွဲ့ချုပ်တွေက သုံးသပ်ထားပါတယ်။

လက်ရှိတော့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ အလုပ်လုပ်နိုင်တဲ့ အနိမ့်ဆုံးအသက်အရွယ် ပြဋ္ဌာန်းချက်အမှတ်-၁၃၈ ကို လိုက်နာဆောင်ရွက်ပါ့မယ်လို့ မြန်မာနိုင်ငံက အခု ဇွန် ၈ ရက်နေ့က အတည်ပြလိုက်ပါတယ်။

ဒီအတည်ပြုချက်အရ အလုပ်လုပ်နိုင်တဲ့ အနိမ့်ဆုံးအသက်အရွယ်ကို ၁၄ နှစ်အဖြစ် သတ်မှတ်ထားပါတယ်။ ဒီသတ်မှတ်ချက်နဲ့အညီ ကလေးလုပ်သားလျော့နည်းပပျောက်ရေး အမျိုးသားအဆင့် ယန္တရားတွေကို ဒုတိယသမ္မတ(၁) က ဦးဆောင်ပြီး လုပ်ဆောင်နေတာဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

မြန်မာပြည်တွင်းရှိ ကလေးအလုပ်သမားတွေကို အလုပ်ရုံများအက်ဥပဒေ၊ ဆိုင်များနှင့် အလုပ်ဌာနများ အက်ဥပဒေ စတဲ့ ဥပဒေတွေနဲ့ စည်းကျပ်ဆောင်ရွက်နေတာပါ။ ဒီဥပဒေတွေအရ ၁၄ နှစ်အောက်ကလေးတွေကို လုံးဝအလုပ်ခိုင်းစေခွင့်မရှိပါဘူး။ 

၁၄ နှစ်ကနေ ၁၆ နှစ်ကြားလုပ်သားတွေကို သက်ဆိုင်ရာ ဆရာဝန်တွေရဲ့ ဆေးထောက်ခံချက်နဲ့ ပေါ့ပါးတဲ့အလုပ်တွေကို အလုပ်ချိန် ၄ နာရီသာ ခိုင်းစေရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အခြေခံလူတန်းစားများပြားတဲ့ မြန်မာနိုင်ငံအတွက် ဒီဥပဒေတွေပါ သတ်မှတ်ချက်တွေကို လိုက်နာတာမရှိသေးသလို မလိုက်နာတဲ့သူတွေကိုလည်း အရေးယူဆောင်ရွက်နိုင်တဲ့ အနေအထား မရှိသေးပါဘူး။ 

ဇာခြည်  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013