DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် ကလေးလုပ်သား ခိုင်းစေ ညှဉ်းပန်းနှိပ်စက်နေသည့် မြန်မာ ၃ ဦးကို ဖမ်းဆီး
DVB
·
May 28, 2026
Photo:  Bangkok Post 
Photo:  Bangkok Post 
Donate to DVB

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တဝိုက်မှာ အသက် ၆ နှစ်အရွယ် ယောက်ျားလေး တယောက်ကို အတင်းအကျပ် ကုန်ပစ္စည်းတွေ လိုက်ရောင်းခိုင်းပြီး သတ်မှတ်ထားတဲ့ ရောင်းအားမပြည့်ရင် ရိုက်နှက်တာ၊ အစာရေစာ အငတ်ထားတာတွေ အဓမ္မလုပ်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံသား ၃ ယောက် ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တဲ့အကြောင်း Bangkok Post သတင်းမှာ မေ ၂၇ ရက်က ဖော်ပြပါတယ်။

ဒီကလေးငယ်ကို ခြေထောက်ကျိုးနေတဲ့ ဒဏ်ရာနဲ့အတူ ကယ်တင်နိုင်ခဲ့တာဖြစ်ပြီး ဘန်ကောက်မြို့ ရဲတပ်ဖွဲ့ချုပ် ခရိုင်ရဲမှူးကြီး ဆယမ်ဘွန်ဆွန်က ကလေးသူငယ်နဲ့ အမျိုးသမီးကာကွယ်ရေးဌာနက ရဲတပ်ဖွဲ့ဝင်တွေဟာ ဘန်ကောက်မြို့၊ ဆွမ်လွမ်နယ်မြေက နေအိမ်တအိမ်မှာ စေခိုင်းသူ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁ ယောက်တို့ကို ဖမ်းဆီးနိုင်ခဲ့တာလို့ ပြောပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်တွေဟာ အဲဒီနေအိမ်မှာပဲ တခြားကလေး ၅ ယောက်ကိုလည်း ထပ်မံ ကယ်တင်နိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ သံသယရှိသူတွေဟာ အဲဒီကလေးငယ်တွေကို နေ့စဉ် ညနေ ၃ နာရီကနေ မနက် ၃ နာရီအထိ ဘန်ကောက်မြို့တဝိုက်က စားသောက်ဆိုင်တွေနဲ့ ဖျော်ဖြေရေးဆိုင်ရာ နေရာတွေမှာ ပန်းတွေနဲ့ မုန့်တွေကို လိုက်လံရောင်းချခိုင်းပြီး မတရားခေါင်းပုံဖြတ်ခဲ့ကြတာလို့ ဆိုပါတယ်။

ကယ်တင်ခံရတဲ့ ကလေးတွေဟာ သတ်မှတ်ထားတဲ့ ရောင်းအားသတ်မှတ်ချက် ပမာဏ မပြည့်မီဘူးဆိုရင် သူတို့ကို ရိုက်နှက်တာနဲ့ အစာငတ်ထားတာတွေ ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလို ခေါင်းပုံဖြတ် နှိပ်စက်ခံရတဲ့ ကလေးတွေဟာ မြန်မာနိုင်ငံက တိုင်း ရင်းသားလူနည်းစုအုပ်စုတွေက ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ဖြည့်စွက်ပြောကြား ထားပါတယ်။

Source: Bangkok Post 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013