DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် Mask မတပ်သူ ၁၇၀၀၀ ကျော်ကို ဒဏ်တပ်၊ ကျပ်သိန်း ၅၃၀ ကျော်ရရှိထား
DVB
·
June 12, 2020
ဧရာဝတီတိုင်းတွင် Mask မတပ်သူ ၁၇၀၀၀ ကျော်ကို ဒဏ်တပ်၊ ကျပ်သိန်း ၅၃၀ ကျော်ရရှိထား
1 / 4
Donate to DVB

ဧရာဝတီတိုင်းမှာ ဇွန်လ ၉ ရက်နေ့အထိ Mask မတပ်လို့ အရေးယူထားရသူဦးရေ ၁၇၈၀၀ ကျော်ရှိပြီး ဒဏ်ကြေးငွေ ကျပ်သိန်း ၅၃၀ ကျော် ရရှိထားတယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

နေအိမ်ပြင်ပထွက်သူတွေ Mask မပါလာပါက ၁ ဦးကို Mask ၃ ခုပေးကာ ငွေ ၃ ထောင်နဲ့ ခုဝယ် ခုတပ်စနစ်နဲ့  ခရိုင် ၆ ခရိုင်မှာ ဒဏ်ရိုက်ငွေ စုစုပေါင်း သိန်း ၅၃၀ ကျော်ရရှိထားတယ်လို့ လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက DVB ကိုပြောပါတယ်။

“ဒဏ်တပ်ငွေရတာတွေကို ခရိုင်ကော်မတီအလိုက် ပြန်သုံးဖို့ညွှန်ကြားထားတယ်။ ဇွန်လ ၉ ရက်နေ့ထိဆို သိန်း ၅၃၀ ကျော်ရလာပြီ။ ပုသိမ်ခရိုင်ဆို ရလာတဲ့ ဒဏ်ငွေတွေ Mask ချုပ်ပြီး အခြေခံလူတန်းစားတွေကို လိုက်ဝေတာမျိုးတွေလုပ်နေတယ်၊ အခြား ခရိုင်တွေလည်း Mask ဝေတာ များပါတယ်။”

သက်ဆိုင်ရာခရိုင်အလိုက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီတွေမှာ ဥက္ကဋ္ဌအဖြစ် ခရိုင်အုပ်ချုပ်ရေးမှူးတွေက တာဝန်ယူဆောင်ရွက်ရတာဖြစ်ပြီး အစည်းအဝေးတွေမှာ အရေးယူဆောင် ရွက်ထားတဲ့ ဒဏ်ကြေးတွေကို ကိုယ့်အစီစဉ်နဲ့ကိုဆောင်ရွက်ဖို့ မှာကြားထားတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ နေအိမ်ပြင်ပသွားလာစဉ် Mask မပါလို့ ဒဏ်တပ်အရေးယူထားရမှုအများဆုံးက ဟင်္သာတခရိုင်မှာ လူဦးရေ ၄၆၀၀ ကျော်ရှိပြီး ပုသိမ်ခရိုင်မှာ ၁၈၀၀ ဦး၊ မြောင်းမြခရိုင်မှာ လူဦးရေ ၃၀၀ဝ ကျော်၊ မအူပင်ခရိုင်မှာ ၂၆၀၀ ဦး၊ ဖျာပုံခရိုင်မှာ လူဦးရေ ၄၀၀၀ ကျော်နဲ့ လပွတ္တာခရိုင်မှာ လူဦးရေ ၁၂၀၀ လောက်ကို အရေးယူထားရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာစာရင်းမှာ ရောဂါးပိုးတွေ့သူတွေဟာ ပြည်ပနိုင်ငံကပြန်လာသူများ ဖြစ်ပေမဲ့ ပြည်တွင်းမှာရှိနေခဲ့ရင် ကြိုတင်ကာကွယ် နိုင်ဖို့ နေအိမ်ပြင်ပသွားလာသူတွေ Mask တပ်ကြဖို့ ဝန်ကြီး ဦးဝင်းဌေးက တိုက်တွန်းလိုက်ပါတယ်။

“ခုအားလုံးက စစ်ဆေးတဲ့အဖြေရလဒ်တွေကို နေ့စဉ်စောင့်ကြည့်နေရတယ်။ တွေ့တဲ့ လူနာတွေက ပြည်ပပြန်တွေဖြစ်တယ် သို့သော်လည်း တကယ်လို့များ Silent carriers တွေရှိလာခဲ့ရင် ကျန်းမာရေး သတိရှိဖို့နဲ့ လိုအပ်ပါတယ်၊ Mask တပ်သင့်ပါတယ်။ ရောဂါကိုကာကွယ်နိုင်ဖို့အတွက် Maks တပ်မှ ကာကွယ်မှုတွေကို ပေးနိုင်မှာဖြစ်ပါတယ်။”

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ နေအိမ်ပြင်ပသွားလာသူတွေကို Mask တပ်သွားလာဖို့ အသိပညာပေးလုပ်ငန်းတွေကို မေလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ အသိပညာပေးလုပ်ငန်း တွေလုပ်ဆောင်ခဲ့ပြီး မေလ ၂၁ ရက်နေ့က စတင်ကာ နေအိမ်ပြင်ပသွားလာတဲ့အခါ Mask မတပ်လာသူတွေကို တစ်ခါသုံး Mask ၃ ခုကို ၃ ထောင်နှုန်းရောင်းချပြီး ဒဏ်တပ်တဲ့လုပ်ငန်း တွေကို စတင်လုပ်ဆောင်လာခဲ့တာပါ။

ဧရာဝတီတိုင်းဒေသကြီးကို ဇွန်လပထမပတ်အထိ တရုတ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေက ပြန်လည်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၁၈၀၀ ကျော်ရှိတယ်လို့ တိုင်းအစိုးရအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဧရာဝတီတိုင်းမှာ မလေးရှားနိုင်ငံက ပြန်လာသူ ၂ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ၂ ဦးလုံးကို ပုသိမ်ပြည်သူ့ဆေးရုံကြီးရဲ့ သီးခြားကုသဆောင်မှာ ဆေးကုသမှုပြုလုပ်ပေးခဲ့ရာ ပထမဆုံးပိုးတွေ့ခဲ့တဲ့ လူနာကတော့ ရောဂါပိုးကင်းစင်လို့ ဆေးရုံဆင်းသယးခွင့်ပြုခဲ့ပြီး ကျန် ၁ ဦးကိုတော့ ဆေးကုသမှုတွေ ဆက်လက်လုပ်ဆောင်ပေးနေပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013