DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ဈေးအကြီးဆုံး ထိပ်တန်းမြို့တော် ၂၀၀ ကျော်တွင် ရန်ကုန်က အဆင့် ၈၃ ဖြင့် ရပ်တည်
DVB
·
June 11, 2020
ကမ္ဘာ့ဈေးအကြီးဆုံး ထိပ်တန်းမြို့တော် ၂၀၀ ကျော်တွင် ရန်ကုန်က အဆင့် ၈၃ ဖြင့် ရပ်တည်
Donate to DVB

       အမေရိကန်နိုင်ငံ အခြေစိုက် သုတေသနအဖွဲ့တဖွဲ့ဖြစ်တဲ့ Mercer က ထုတ်ပြန်တဲ့ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဈေးအကြီးဆုံး ထိပ်တန်းမြို့တော်စာရင်းမှာ ရန်ကုန်မြို့က အဆင့် ၈၃ နဲ့ ရပ်တည်နေပါတယ်။

       မြို့ကြီးတွေရဲ့ အစားအသောက်၊ တည်းခိုနေထိုင်မှု၊ သယ်ယူပို့ဆောင်ရေး၊ အိမ်ခြံမြေ ဈေးနှုန်း စရိတ်စကတွေအရ စစ်တမ်းကောက်ယူထားတဲ့ ဒီသုတေသနစစ်တမ်းမှာ ကမ္ဘာ့နိုင်ငံအနှံ့ မြို့ကြီးပေါင်း ၂၀၉ မြို့ ပါဝင်နေတာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် စစ်တမ်းမှာတော့ ရန်ကုန်မြို့က အဆင့် ၁၁၇ မှာ ရှိနေခဲ့တာမို့ အခုနှစ်မှာ ၃၄ ဆင့်ထိ တိုးတက်လာခဲ့တာကို တွေ့ရပါတယ်။

ဈေးအကြီးဆုံးထိပ်တန်းမြို့တော်အဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေတာကတော့ မနှစ်ကလည်း ထိပ်ဆုံးနံပါတ် ၁ နေရာမှာ ရှိနေတဲ့ ဟောင်ကောင်မြို့ ဖြစ်ပါတယ်။

သူ့နောက်မှာတော့ တာ့ခ်မင်နစ္စတန်နိုင်ငံမြို့တော် အက်ရှ်ဂါဘတ်၊ ဂျပန်နိုင်ငံမြို့ တော် တိုကျို၊ ဆွစ်ဇာလန်နိုင်ငံမြို့တော် ဇူးရစ်ချ်နဲ့ စင်ကာပူနိုင်ငံမြို့တော် စင်ကာပူတို့က ထိပ်ဆုံး ၅ နိုင်ငံအဖြစ် အသီးသီး ရပ်တည်နေတာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းထဲမှာတော့ အာရှနိုင်ငံမြို့ကြီး ၆ မြို့(ဟောင်ကောင်၊ အက်ရှ်ဂါဘတ်၊ တိုကျို၊ စင်ကာပူ၊ ရှန်ဟိုင်း၊ ဘေဂျင်း) ပါဝင်နေပြီး ဆွစ်ဇာလန် နိုင်ငံမြို့ကြီး ၃ မြို့(ဇူးရစ်ချ်၊ ဘန်းနဲ့ ဂျနီဗာ)တို့ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ထိပ်တန်းမြို့တမြို့ဖြစ်တဲ့ နယူးယောက်မြို့တော်ကတော့ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး နာမည်ကျော် လန်ဒန်မြို့နဲ့ ပဲရစ်စ်မြို့တွေကတော့ အဆင့် ၁၉ နဲ့ ၅၀ နေရာတွေမှာ အသီးသီး ရပ်တည်နေကြပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ကတော့ မနှစ်ကထက် အဆင့် ၅ ဆင့် တက်လာခဲ့ပြီး ၃၅ နေရာမှာ ရပ်တည်နေပါတယ်။

အောက်ဆုံးအဆင့်မှာ ရှိနေတဲ့နိုင်ငံကတော့ အဆင့် ၂၀၉ နဲ့ တူနီးရှားနိုင်ငံမြို့တော် တူးနစ်စ်မြို့ဖြစ်တယ်လို့ စစ်တမ်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013