DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ပြန်ဖွင့်ခွင့်ပြု 
DVB
·
June 11, 2020
ရန်ကုန်တွင် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ပြန်ဖွင့်ခွင့်ပြု 
Donate to DVB

ရန်ကုန်မြို့မှာ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို ကျန်းမာရေးညွှန်ကြားချက်နဲ့ အညီ ဖွင့်လှစ် ရောင်းချဖို့  သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေးနေပြီး သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီရင် ပြန်လည် ဖွင့်လှစ်ဖို့ ခွင့်ပြုပေးနေပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကနေ  မေ ၁၆ ရက်က စတင်ပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို ညွှန်ကြားချက်အတိုင်း စည်းကမ်းတကျနဲ့ ပြန်လည်ဖွင့်လှစ်ဖို့   သတ်မှတ်လိုက်ပြီးစည်းကမ်းချက်နဲ့ အညီ မလိုက်ပါက  ပထမအကြိမ် သတိပေးတာ၊ ဒုတိယအကြိမ် ဒဏ်ရိုက်တာ၊ တတိယအကြိမ် ကာလအကန့်အသတ်အထိ  ဆိုင်ပိတ်သိမ်းဖို့အထိ အရေးယူ ဆောင်ရွက်သွားဖို့ ရှိပါတယ်။

လက်ရှိမှာ ဆိုင်တွေဘက်ကနေ သတ်မှတ်ချက်နဲ့အညီ ပြင်ဆင်ပြီးကြောင်း အကြောင်း ပြန်တာနဲ့ လိုက်လံစစ်ဆေးနေတာဖြစ်ပြီး သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီရင် ပြန်လည်ဖွင့်လှစ်ဖို့ ခွင့်ပြုပေးနေတာပါ။

စားသောက်ဆိုင်တွေကို ကွင်းဆင်းစစ်ဆေးရာမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့  သတ်မှတ်ထားတဲ့အကွာအဝေးနေရာပြင်ဆင်မှု၊ လက်ဆေးဘေစင်ထားရှိမှု၊ ဆိုင်အတွင်း မဝင်မီ အပူချိန်တိုင်းကိရိယာနဲ့ စစ်ဆေးတာ၊ မီးဖိုချောင်သန့်ရှင်းထားမှု စတာတွေကို   အဓိကထားပြီး စစ်ဆေးဆောင်ရွက်ခဲ့ပါတယ်။

ရန်ကုန်မြို့က တချို့ လက်ဖက်ရည်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကတော့ သတ်မှတ်ထားတဲ့   လူအကွာအဝေးနဲ့ ထိုင်နေတာမျိုး မဟုတ်ဘဲ ၄ ဦး၊ ၅ ဦးခန့် အထိ ဝိုင်းဖွဲ့ ထိုင်နေတာတွေလည်း ရှိနေပါတယ်။

ရန်ကုန်တိုင်း လှိုင်မြို့နယ်  ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနဲ့ အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှာ ဦးဆောင်ပြီး  စားသောက်ဆိုင်အပါအဝင်  လက်ဖက်ရည်ဆိုင်၊ ကျန်းမာရေး စင်တာ၊ ထမင်းဆိုင်တွေကို  လိုက်လံစစ်ဆေးတာ ဇွန်လအတွင်းမှာပဲ ဆိုင်ပေါင်း ၃၀ ကျော် ရှိနေပါတယ်။

သတင်း - နန့်ခိုင် 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013