DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကပ်ဘေးမတိုင်မီနှင့် ကပ်ဘေးကာလအတွင်း မြန်မာသတင်းသမား ၁၀၀ ခန့် အလုပ်လက်မဲ့ဖြစ် 
DVB
·
June 11, 2020
ကိုဗစ်-၁၉ ကပ်ဘေးမတိုင်မီနှင့် ကပ်ဘေးကာလအတွင်း မြန်မာသတင်းသမား ၁၀၀ ခန့် အလုပ်လက်မဲ့ဖြစ် 
Donate to DVB

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ မဖြစ်ပွားခင်နဲ့  အခုဖြစ်နေဆဲကာလ  ၂ လအတွင်းမှာ မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ သတင်းသမား ၁၀၀ နီးပါးရှိနေတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တာဝန်ရှိသူက ပြောပါတယ်။

လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေအပါအဝင် ပြည်သူလူထုတွေ အနေနဲ့ အွန်လိုင်းကနေ လူမှုကွန်ယက်တွေကိုသာ အသုံးပြုတာတွေပိုမိုများပြားလာတာကြောင့် နေ့စဉ်ထုတ်သတင်းစာတွေ ရောင်းအားကျဆင်း နေပါတယ်။ 

လက်ရှိ ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်းမှာ လစာလျှော့ခံရတဲ့ သတင်းသမားတွေ အပြင် အလုပ်လက်မဲ့သတင်းမီဒီယာသမားတွေ ၁၀၀ နီးပါးရှိနေတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အတွင်းရေးမှူး ၁ ဦးမြင့်ကျော်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ ဖြစ်ပေါ်နေသူတွေထဲမှာ သတင်းသမားမီဒီယာတွေမှာ အလုပ်လုပ်ကိုင်သူတွေ၊ အထည်ချုပ်လုပ်သားတွေနဲ့ တခြား အခြေခံအလုပ်သမားတွေ လည်း အများအပြားပါဝင်ပါတယ်။ 

ကပ်ဘေးကာလ အလုပ်လက်မဲ့ဖြစ်ခဲ့ကြတဲ့ အထည်ချုပ်လုပ်သားတွေကို အီးယူ ဥရောပသမဂ္ဂက ငွေကြေးထောက်ပံ့ကူညီပေးတာရှိပါတယ်။

အလုပ်လက်မဲ့ဖြစ်ခဲ့ကြတဲ့ သတင်းသမားတွေကို ဘယ်လို ကူညီနိုင်မယ်၊ ဘယ်လို ဆောင်ရွက်ပေးနိုင်မယ်ဆိုတာကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ အကြံပြုစာတမ်းတွေ ရေးဆွဲနေပြီး သက်ဆိုင်ရာဝန်ကြီးဌာနနဲ့တာဝန်ရှိသူတွေကို ပေးပို့သွားဖို့ရှိတယ်လို့ ဦးမြင့်ကျော်က ပြောပါတယ်။

အရင်အစိုးရလက်ထက်က ၂၀၁၃ ခုနှစ် ဧပြီလကနေ စတင်ကာ ပြန်ကြားရေးဝန်ကြီးဌာနကနေ  ပုဂ္ဂလိကပိုင်သတင်းစာ အစောင်ရေ ၃၀ နီးပါးကို လိုင်စင်ထုတ်ပေးခဲ့ ပါတယ်။

လက်ရှိအချိန်မှာတော့ နေ့စဉ်ထုတ်သတင်းစာအများစုက သတင်းစာထုတ်ဝေမှုတွေကို ရပ်နားထားခဲ့ရပြီး သတင်းစာအနည်းငယ်သာကျန်ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013