DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ် ၁၀ မြို့နယ်စလုံးတွင် Mask မတပ်သူများကို စတင်အရေးယူ
DVB
·
June 10, 2020
မွန်ပြည်နယ် ၁၀ မြို့နယ်စလုံးတွင် Mask မတပ်သူများကို စတင်အရေးယူ
Donate to DVB

မွန်ပြည်နယ်အတွင်းမှာ ပညာပေးကာလကုန်ဆုံးသွားပြီဖြစ်လို့   Mask မတပ်တဲ့သူတွေကို မြို့နယ် ၁၀ မြို့နယ် စလုံးမှာ စတင် အရေးယူနေတယ်။

မွန်ပြည်နယ် အိမ်ပြင်ထွက်လို့  Mask မတပ်သူတွေကို အရေးယူတော့မယ်လို့ ပြည်နယ် အစိုးရအဖွဲ့က မေ ၃၀ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲလို ထုတ်ပြန်ကြေညာပြီးနောက် အသိပညာပေးကာလကို ဇွန် ၁ ရက်မှ ၇ ရက်နေ့အထိ သတ်မှတ်ခဲ့ပါတယ်။ အခုအခါမှာတော့ Mask မတပ်တဲ့သူတွေကို ဇွန် ၉ ရက်နေ့က စတင် အရေးယူနေတာပါ။

အခုလို အရေးယူမှာ Mask မတပ်တဲ့သူတွေကို ထောင်ဒဏ်ငွေ ကျပ် ၃၀၀၀ ဒဏ်ရိုက်ပြီး ချုပ် Mask နှစ်ခုနှုန်းနဲ့ ပြန်လည် ပေးဝေနေတာလို့ မော်လမြိုင် စျေးကြိုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်က ပြောပါတယ်။

Mask မတပ်တဲ့သူတွေကို အရေးယူရာမှာ ဒဏ်ရိုက်ခံရသူရဲ့ အမည်၊ နေရပ်လိပ်စာနဲ့ မှတ်ပုံတင် နံပါတ်ကိုပါ တစ်ပါတည်း ရယူထားပါတယ်။

ဒါအပြင် ဒဏ်ငွေရိုက် အရေးယူခံထားရတဲ့သူတွေကို နောက်နောင် အပြင်ထွက်တိုင်း Mask တပ်ဖို့ တစ်ခါတည်း အသိပညာပေးတာတွေ လုပ်ဆောင်နေတယ်လို့ မော်လမြိုင်မြို့နယ် မီးသတ်တပ်ဖွဲ့ မြို့နယ်မှူး ဦးဇော်ရဲလင်းက ပြောပါတယ်။

Mask မတပ်တဲ့သူတွေကို အရေးယူတဲ့ လုပ်ငန်းစဉ်ကိုတော့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်မှ ရပ်ဆိုင်းသွားဖို့ ရှိနေပါတယ်။

အပြင်ထွက်တဲ့အခါ Mask မတပ်သူတွေကို အရေးယူတဲ့ အစီအစဉ်ကို ဒေသခံတွေက ထောက်ခံကြိုဆိုတယ်လို့  မော်လမြိုင်ဒေသခံ ကိုခိုင်ဇော်လတ်က ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ Mask မတပ်တဲ့သူတွေကို အရေးယူဖို့ ဌာနစုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့ကို ဖွဲ့စည်းထားပြီး မလိုက်နာသူတွေကို ပထမအကြိမ် ဒဏ်ငွေကျပ် ၃၀၀၀၊ ဒုတိအကြိမ် ဒဏ်ငွေ ကျပ် ၃၀၀၀ နဲ့ တတိယအကြိမ် စစ်ဆေးတွေ့ရှိရင်တော့ ကူးစက်ရောဂါ ကာကွယ် နှိမ်နင်းရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ ပြည်နယ် အစိုးရအဖွဲ့က အသိပေးထားပါတယ်။

ဇော်လွင်ထွဋ် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013