DVB Logo
Home
မြန်မာသတင်း
အိန္ဒိယနယ်စပ်မြို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားနှုန်းတက်လာသဖြင့် ကလေးမြို့ခံများ  စိုးရိမ်
DVB
·
June 10, 2020
အိန္ဒိယနယ်စပ်မြို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားနှုန်းတက်လာသဖြင့် ကလေးမြို့ခံများ  စိုးရိမ်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်းနဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ အိုက်ဇောမြို့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၀ လောက်အထိမြင့်တက်လာတာကြောင့်  ကလေးမြို့က ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဒါ့အပြင် အိုက်ဇောမြို့မှာ ပိတ်မိနေကြတဲ့ မြန်မာနိုင်ငံသား ၂၀၀ ကျော်လည်း မြန်မာနိုင်ငံဘက်ကို ပြန်ဝင်လာကြဖို့ ရှိနေတာကြောင့် ရောဂါ ကူးစက်ခံရသူတွေ ပါလာမှာကို ကလေးမြို့ခံတွေ စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။

ကလေးမြို့ ကိုဗစ်-၁၉  ကာကွယ် တားဆီးရေး ကော်မတီဝင် ကိုစိုးက “ တရားဝင်လက်မခံ လို့ ခိုးဝင်လာကြရင်ဖြင့်မတွေးရဲစရာပါ။ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစိုးရတို့ ပူးပေါင်းပြီး စနစ်တကျ ပြန်လည်ခေါ်ယူပြီး quarantine ထားနိုင်မှသာ စိတ်အေးနိုင်မှာပါ’ လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

လက်ရှိကလေးမြို့မှာ ပြည်ပနိုင်ငံတွေက ပြန်လာသူ  ၁၂၄ ဦနဲ့  ကျေးရွာတွေမှာ လူအနည်းငယ်ကို   Quarantine  ထားရှိ နေဆဲဖြစ်ပါတယ်။

ကလေးမြို့မှာ Quarantine ထားရှိတဲ့ ပြည်ပကပြန်လာသူ  ၁၃၆ ယောက်နဲ့ သူနာပြုသင်တန်းကျောင်း  Quarantine မှာထားရှိတဲ့ ၅၄ ယောက်တို့ရဲ့ ဓာတ်ခွဲနမူနာတွေကို ပေးပို့ထားပြီး အဖြေစောင့်ဆိုင်းနေဆဲ အခြေအနေမှာ ရှိနေပါတယ်။

ကလေးမြို့ ကိုဗစ်ကော်မတီမှာ  ပါဝင်လုပ်ဆောင်နေတဲ့ အဖွဲ့ဝင်တစ်ဦးက “ကလေးမြို့မှာ ပိုးတွေ့လူနာ ၆ ဦးတွေ့ခဲ့တယ်။ ခုတော့ အားလုံး ပျောက်လို့ ဆေးရုံက ဆင်းကုန်ပြီ။ ပိုးတွေ့လူနာလည်း မတွေ့တာကြာပါပြီ။ အခြေအနေကတော့ တည်ငြိမ်နေတယ်။ နောက်ထပ် ပြည်တော်ပြန်တွေကို စနစ်တကျ ထိန်းနိုင်ရင်တော့ ဒုတိယလှိုင်း အတွက်လည်း အေးဆေးမှာပါ။ ဒေသခံတွေအနေနဲ့လည်း မိမိ ပတ်ဝန်းကျင် လူစိမ်းရှိရင် ကော်မတီကို သတင်းပေးသင့်တယ်။ ဒီရောဂါက ကိုယ်ကစပြီး ကာကွယ်ဖို့ လိုတယ်” လို့ ပြောပါတယ်။

ဒါ့ကြောင့် ကလေးမြို့က ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းအတွက် ထိန်းသိမ်းကာကွယ်နိုင်ဖို့ နေ့စဉ် Mask တပ်ဆင် အပြင်ထွက်ဖို့ ကော်မတီက နှိုးဆော်နေပြီး လမ်းပေါ်တွေမှာလည်း အရေးယူမှုတွေ  ပြုလုပ်နေပါတယ်။

လတ်တလော ကလေးမြို့မှာ  Quarantine ထားရှိဆဲ ပြည်ပပြန်တွေအတွက် အစားအသောက်လိုအပ်နေပြီး ကိုဗစ်ကော်မတီက  ထမင်းအလှူရှင်တွေကို ဖိတ်ခေါ်နေပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013