DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီပါတီ၏ စည်းရုံးရေး  အခြားပါတီများထက် တပန်းသာနေဟု ပြည်သူ့ပါတီပြော
DVB
·
June 8, 2020
အန်အယ်လ်ဒီပါတီ၏ စည်းရုံးရေး  အခြားပါတီများထက် တပန်းသာနေဟု ပြည်သူ့ပါတီပြော
Donate to DVB

အာဏာရ အန်အယ်လ်ဒီပါတီရဲ့ ကိုဗစ်-၁၉ ကပ်ဘေးကာလ ရောဂါ ကာကွယ်ကုသရေး လှုပ်ရှားမှုတွေဟာ စည်းရုံးရေးအသွင်ဆောင်နေပြီး တခြားပါတီတွေထက် နိုင်ငံရေးနဲ့ စည်းရုံးရေး တပန်းသာနေတယ်လို့ ပြည်သူ့ပါတီက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှုတွေကို ဇန်နဝါရီလလောက် စတင်ပြင်ဆင်ခဲ့ပေမဲ့  ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် အချိန် ၃ လ လောက်ရပ်နားထားခဲ့ရပါတယ်။

တခြားပါတီတွေရဲ့လုပ်ငန်းတွေအားလုံး ရပ်နားထားရချိန်မှာ အာဏာရပါတီ  အန်အယ်လ်ဒီ အနေနဲ့ ရောဂါကာကွယ်ရေးကုသရေးနဲ့ ထိန်းချုပ်ရေးအပိုင်းတွေမှာ ဥပဒေနဲ့ လုပ်ပိုင်ခွင့်တွေအရ ပူးပေါင်းပါဝင်နိုင်သလို၊ ထောက်ပံ့မှုတွေလည်း ဆောင်ရွက်နိုင်တာကြောင့် တခြားပါတီတွေ နဲ့ယှဉ်ရင်စည်းရုံးရေးအပိုင်း တပန်းသာနေတယ်လို့ ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ ဦးမင်းဇေယျ က ပြောပါတယ်။

အာဏာရပါတီအနေနဲ့ ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ကာလအတွင်း မဲဆွယ်သလိုဖြစ်နေတဲ့ လှုပ်ရှားမှုတွေဟာ လုပ်ပိုင်အခွင့်အသုံးချတာဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ ဘာမှ မတတ်နိုင်သလို အရင်အစိုးရတွေမှာလည်း ဒီလိုလုပ်ခဲ့တာမျိုးရှိတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဒုဥက္ကဋ္ဌ ဦးစိုင်းညွှန့်လွင်က  ပြောပါတယ်။

ရွေးကောက်ပွဲမှာ တရားမျှတမှုဖြစ်ဖို့အတွက် ယှဉ်ပြိုင်မယ့်ပါတီအားလုံးဟာ တန်းတူညီမျှ ဖြစ်ဖို့လိုပြီး လက်ရှိအစိုးရဆောင်ရွက်မှုတွေကို နိုင်ငံပိုင်မီဒီယာတွေက သတင်းပို့တာက အစ ပါတီ တစ်ခုအတွက် မဲဆွယ်တဲ့ပုံစံမဖြစ်အောင်လုပ်ဖို့လိုတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက ဆိုပါတယ်။

နိုင်ငံပိုင်အရင်းအမြစ်တွေကို ပါတီတစ်ခုအတွက် အသုံးပြုတဲ့အပေါ် အရင်အစိုးရ လက်ထက်မှာလည်း ဝေဖန်မှုတွေရှိခဲ့သလို လက်ရှိမှာလည်းအဲဒီလိုတွေအသုံးပြုရင် ရေရှည်အတွက်မကောင်းဘူးလို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

အန်အယ်ဒီပါတီရဲ့ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူးကတော့  ကိုဗစ်-၁၉ ရောဂါ ပြဿနာဟာ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ပြဿနာဖြစ်လို့ အန်အယ်ဒီတင်မကဘဲ စီးပွားရေးလုပ်ငန်းရှင်တွေ အပါအဝင် အားလုံးဝိုင်းဝန်းပါဝင် လုပ်ကိုင်နေတာဖြစ်ပြီး ပါတီမဲဆွယ်စည်းရုံးသလိုဖြစ်တယ်လို့ ပြောဆိုမှုတွေကိုလက်မခံဘူးလို့ ပြောပါတယ်။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)က ငွေကျပ် သိန်း ၁၀၀၀ ပါဝင် လှူဒါန်းခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလမှာကျင်းပမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က တရားဝင်ကြေညာထားသလို ရွေးကောက်ပွဲမကျင်းပမီ ရက်ပေါင်း ၆၀ အတွင်း ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013