DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ပါတီ အမတ် ၂ ဦးကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်
DVB
·
September 8, 2026
ပြည်သူ့ပါတီ တနင်္သာရီတိုင်း အောင်နိုင်ရေး ရုံးဖွင့်ပွဲပြုလုပ်ခဲ့စဉ်က။  (Photo: ပြည်သူ့ပါတီ)  
ပြည်သူ့ပါတီ တနင်္သာရီတိုင်း အောင်နိုင်ရေး ရုံးဖွင့်ပွဲပြုလုပ်ခဲ့စဉ်က။  (Photo: ပြည်သူ့ပါတီ)  
Donate to DVB

စစ်အာဏာရှင်လုပ်တဲ့ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမှာ တနင်္သာရီတိုင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက်ကို ပယ်ဖျက်ပြီး ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်နှစ်ယောက်နဲ့ အစားထိုးလိုက်တယ်လို့ စစ်အာဏာရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၈ ရက်နေ့က ကြေညာလိုက်ပါတယ်။

ပြည်သူ့ပါတီက အနိုင်ရကိုယ်စားလှယ်ဖြစ်တဲ့ ဦးခိုင်ဦးကို ယှဉ်ပြိုင်အရွေးခံခဲ့တဲ့ ကြံ့ခိုင်ရေးပါတီက ဦးဝင်းကြူက ကန့်ကွက်လွှာတင်သွင်းတာကြောင့် တိုင်းလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၉ အရ ရွေး ကောက်ပွဲခုံအဖွဲ့နဲ့လည်းကောင်း၊ ပုဒ်မ ၇၅ ရွေးကောက်ပွဲ ကန့်ကွက်လွှာအယူခံမှုနဲ့လည်းကောင်း ကြားနာစစ်ဆေးပြီး ဆုံးဖြတ်ချက် အမိန့်ချခဲ့တာလို့ ဆိုပါတယ်။

အမိန့်အရ တနင်္သာရီတိုင်းလွှတ်တော်(မဲအများဆုံးရသူ အနိုင်ယူစနစ်)၊ မြိတ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က ဦးခိုင်ဦးအနေနဲ့ ဥပဒေအရ ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ဖျက်ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိတော့ဘဲ အဲဒီမဲဆန္ဒနယ် ကပဲ ယှဉ်ပြိုင်အရွေးခံခဲ့တဲ့ ကြံ့ခိုင်ရေးပါတီက ဦးဝင်းကြူကို ကိုယ်စားလှယ်အဖြစ် သတ်မှတ် လိုက်တာဖြစ်ပါတယ်။

အလားတူ ဦးခိုင်ဦး ရရှိတဲ့ ဆန္ဒမဲရလဒ်တွေကို နုတ်ပယ်ပြီး ကျန်တဲ့ ခိုင်လုံမဲတွေကို သတ်မှတ် ထားတဲ့အတိုင်း ပြန်လည်တွက်ချက်တာမှာလည်း ပြည်သူ့ပါတီက ကိုယ်စားလှယ်ဖြစ်တဲ့ လောင်းလုံ မြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ် ၂ က ဦးတင်စိုးအနေနဲ့လည်း လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိတော့ဘဲ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၁၈(ဃ)အရ နိုင်ငံရေးပါတီတွေက ဦးစားပေးအစီအစဉ်တိုင်း တင်ပြ ထားတဲ့ ကိုယ်စားလှယ်လောင်းစာရင်းအရ ကြံ့ခိုင်ရေးပါတီက ဒေါ်မြမြစိမ်းနဲ့ အစားထိုး လိုက်ပါတယ်။

တနင်္သာရီတိုင်း မဲဆန္ဒနယ်အမှတ် ၁ မှာ အချိုးကျကိုယ်စားပြုစနစ်နဲ့ ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ပါတီနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013