DVB Logo
Home
နိုင်ငံတကာ
အတိုက်အခံအဖြစ် ရပ်တည်သွားမည်ဟု ထိုင်းပြည်သူ့ပါတီခေါင်းဆောင် ကြေညာ
DVB
·
February 9, 2026
အတိုက်အခံအဖြစ် ရပ်တည်သွားမည်ဟု ထိုင်းပြည်သူ့ပါတီခေါင်းဆောင် ကြေညာ
Donate to DVB

ရွေးကောက်ပွဲမှာ အမတ်နေရာ အများဆုံးမရခဲ့တဲ့အကြောင်း ပြည်သူ့ပါတီခေါင်းဆောင် နတ်ထဖုန်း ရူအန်ပညာဝတ်က ဝန်ခံပြောကြားလိုက်ပြီး ညွန့်ပေါင်းအစိုးရ မဖွဲ့စည်းဘဲ အတိုက်အခံအဖြစ် ရပ်တည်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ရလဒ်တွေထွက်လာချိန်မှာ ပြည်သူ့ပါတီခေါင်းဆောင် နတ်ထဖုန်း ရူအန်ပညာဝတ်က “ကျနော်တို့က ပထမ မရခဲ့ဘူးဆိုတာ ဝန်ခံပါတယ်။ ကျနော်တို့က ပထမရတဲ့ပါတီနဲ့ အစိုးရဖွဲ့စည်းခွင့်ကို လေးစားရမယ်ဆိုတဲ့ ကျနော်တို့ရဲ့မူကို လိုက်နာပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

သူ့ပါတီဟာ ဖုမ်းကျိုင်းထိုင်းပါတီ ဦးဆောင်တဲ့ အစိုးရနဲ့ ပူးပေါင်းမှာ မဟုတ်သလို ယှဉ်ပြိုင်တဲ့ ညွန့်ပေါင်းအဖွဲ့ကိုလည်း မဖွဲ့စည်းဘူးလို့ သူကပြောပါတယ်။

“ဖုမ်းကျိုင်းထိုင်း အစိုးရဖွဲ့နိုင်ရင် ကျနော်တို့က အတိုက်အခံဖြစ်ရမယ်” လို့ နတ်ထဖုန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ လက်ရှိအာဏာရ ဖုမ်းကျိုင်းထိုင်းပါတီက မဲရုံ ၉၀ ရာခိုင်နှုန်းလောက်ရဲ့ ရလဒ်တွေအရ အထွေထွေရွေးကောက်ပွဲမှာ အောင်ပွဲခံဖို့ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီး ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းကလည်း ညွန့်ပေါင်းအစိုးရသစ်ဖွဲ့ရာမှာ အသာစီးရနေပါတယ်။

ဝန်ကြီးချုပ် အနုထင်းက “ခင်ဗျားတို့ ဖုမ်းကျိုင်းထိုင်းပါတီကို မဲပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ဒီနေ့ ဖုမ်းကျိုင်းထိုင်းရဲ့ အောင်ပွဲဟာ ထိုင်းလူမျိုးအားလုံးအတွက် အောင်ပွဲတခုပါ။ ထိုင်းပြည်သူတွေကို အပြည့်အဝ ဝန်ဆောင်မှုပေးဖို့ အစွမ်းကုန် ကြိုးစားရမယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ တရားဝင်မဲရလဒ်တွေ ထွက်မလာသေးပေမဲ့ အနုထင်းရဲ့ ပါတီဟာ အောက်လွှတ်တော်ရှိ အမတ်နေရာ ၅၀၀ မှာ ၁၉၄ နေရာနဲ့ ဦးဆောင်နေတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

လတ်တလော ရလဒ်တွေအရ အနုထင်းရဲ့ ပါတီက အောက်လွှတ်တော်မှာ အမတ်နေရာ အများစု ရဖို့တော့ မသေချာဘူးဆိုတာ ညွှန်ပြနေပါတယ်။

တိုးတက်သော ပြည်သူ့ပါတီက ၁၁၅ နေရာရနေပြီး ပြီးခဲ့တဲ့နှစ်က ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဘီလီယံနာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ ထောက်ခံမှုနဲ့ လူကြိုက်များတဲ့ ဖွေ့ထိုင်းပါတီကတော့ ၇၇ နေရာ ရနေတယ်လို့ ရလဒ်တွေက ပြနေပါတယ်။

တော်ဝင်ဝါဒီ စစ်တပ်အသိုက်အဝန်းရဲ့ ဦးစားပေးရွေးချယ်မှုအဖြစ် ရှုမြင်ခံရတဲ့ ဖုမ်းကျိုင်းထိုင်း ပါတီက သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုကို စီးပွားရေးလှုံ့ဆော်မှုနဲ့ အမျိုးသားလုံခြုံရေးအပေါ် ဗဟိုပြုခဲ့ပြီး အိမ်နီးချင်း ကမ္ဘောဒီးယားနဲ့ အသက်ဆုံးရှုံးမှုများတဲ့ နယ်စပ်ပဋိပက္ခတွေအတွက် အမျိုးသားရေးစိတ်ဓာတ်ကို အသုံးချခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013