DVB Logo
Home
မြန်မာသတင်း
မောင်တောက ကိုဗစ်-၁၉ လူနာအမှတ်၂၃၄ နှင့်ထိတွေ့ခဲ့သူ ၃၄ ဦးတွင် ပိုးမတွေ့ရှိ  
DVB
·
June 8, 2020
မောင်တောက ကိုဗစ်-၁၉ လူနာအမှတ်၂၃၄ နှင့်ထိတွေ့ခဲ့သူ ၃၄ ဦးတွင် ပိုးမတွေ့ရှိ  
Donate to DVB

ရခိုင်ပြည်နယ်-မောင်တောမြို့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ လူနာအမှတ်၂၃၄ နဲ့ ထိတွေ့ခဲ့သူ ၃၄ ဦးရဲ့  နှာခေါင်း၊အာခေါင်တို့ဖတ်တို့ကို  ဓာတ်ခွဲ စစ်ဆေးရာမှာ  ၃၄ ဦးလုံး ရောဂါပိုးမတွေ့ရှိရဘူးလို့   မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

မြို့နယ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက "ဓာတ်ခွဲစစ်ဆေးချက်က ၃၄ ဦးလုံး Neagitive ဖြစ်ပါတယ်။ လူနာအမှတ်၂၃၄ နဲ့ထိတွေခဲ့တဲ့ ဆွေမျိုးမိသားစုတွေပါတယ်။ နယ်ခြားစောင့်ဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပါတယ်။ အားလုံး ၃၄ ဦးရဲ့ နှာခေါင်းနဲ့အာခေါင် တို့ဖတ်တွေကို ဓာတ်ခွဲ စစ်ဆေးခဲ့တာဖြစ်တယ်။”လို့ ပြောပါတယ်။

စစ်ဆေးသူ ၃၄ ဦးအနက်  လူနာအမှတ်၂၃၄ ရဲ့ မိသားစုဝင် ၄ ဦးမပါဝင်သေးဘဲ သူမိသားစုဝင် ၄ ဦးကို ဒုတိယအကြိမ် ရောဂါပိုးရှိမရှိ စစ်ဆေးသွားမယ်လို့ ဒေါက်တာ နုကေသီစံက ပြောပါတယ်။

"အခု ၃၄ ဦးက သူနဲ့ထိတွေခဲ့သူတွေသာဖြစ်တယ်။ သူရဲ့မိသားစုဝင် ၄ ဦးကို ရက် မပြည့်သေးလို့ မစစ်ဆေးသေးဘူး။ ရက်ပြည့်တာနဲ့ ဒုတိယအကြိမ် စစ်ဆေးသွားရပါဦးမယ်"

မောင်တောမြို့မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ လူနာအမှတ်၂၃၄ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထန်ခါလီဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ကြသူဖြစ်ပြီး မေလ ၃၀ ရက်က မိသားစုဝင် ၅ ဦးနဲ့အတူ နယ်မြေ (၄)လိပ်ရကျေးရွာနဲ့ ဇီးပင်ချောင်းလမ်းကြောင်း နယ်ခြားစောင့်စခန်းမှ တရားမဝင် ဝင်ရောက်လာတာ ဖြစ်ပါတယ်။

ဒီနောက် လှဖိုးခေါင်စခန်းမှာနေထိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါစစ်ဆေးတွေ့ရှိခဲ့တာကြောင့်   ဇွန်လ ၄ ရက်က မောင်တောမြို့ ပြည်သူဆေးရုံကြီးရှိ အထူးကြပ်မတ်ဆောင်သို့ သယ်ဆောင်လာ ကာ ဆေးကုသမှု ခံယူနေပါတယ်။

သတင်း - လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013