DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ပြည်သူမှပြည်သူသို့ မျှဝေခြင်း အစီအစဉ်ဖြင့် ဂေါ်ဖီထုပ်များ အခမဲ့ဖြန့်ဝေ
DVB
·
June 7, 2020
မကွေးတိုင်းတွင် ပြည်သူမှပြည်သူသို့ မျှဝေခြင်း အစီအစဉ်ဖြင့် ဂေါ်ဖီထုပ်များ အခမဲ့ဖြန့်ဝေ
Donate to DVB

မကွေးတိုင်းအတွင်းမှာ ပြည်သူမှပြည်သူသို့ မျှဝေခြင်း အစီစဉ်နဲ့ ဇွန်လ ၆ ရက်နေ့က ဂေါ်ဖီထုပ်တွေ အခမဲ့ ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။

မျှဝေခြင်းအစီအစဉ် ဦးဆောင်သူတဦးဖြစ်တဲ့ ကိုနေမိုးဆွေကျော်က “တိုင်းဒေသကြီး အစိုးရချင်း ချိတ်ဆက်ပြီး ကမ္ဘောဇဘဏ် ဦးအောင်ကိုဝင်းက ပြည်သူတွေကို မျှဝေလှူဒါန်းတာပါ။ မကွေးတိုင်းအတွင်းက ဆင်းရဲနွမ်းပါးတဲ့ပြည်သူတွေကို ပြည်သူမှပြည်သူသို့ မျှဝေခြင်း အစီအစဉ်ကနေ ဦးဆောင်ဖြန့်ဝေပေးနေတာပါ။ အခုလို လှူဒါန်းတာဟာ စတုတ္ထအကြိမ်ဖြစ်ပြီး ဂေါ်ဖီထုပ် အရေတွက် စုစုပေါင်း လေးသောင်းကျော် လှူဒါန်းပြီးပါပြီ။ မျှဝေခြင်းအစီစဥ်က ဦးဆောင်ပြီး DMG ကားမောင်းသူများအဖွဲ့က သယ်ယူပို့ဆောင်ရေးရော လူအင်အားပါ အခမဲ့ ကူညီဖြန့်ဝေပေးတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တကယ်လိုအပ်တဲ့ ရပ်ကွက်ကျေးရွာတွေကို စာရင်းကောက်ယူပြီး တစ်အိမ်ထောင်ကို ဂေါ်ဖီထုပ် ၁ ထုပ်နှုန်း ဖြန့်ဝေပေးပြီး အချို့ကိုတော့ ၂ ထုပ်စီ ဖြန့်ဝေပေးခဲ့ကြောင်း၊ ယခင်အကြိမ်တွေ ဖြန့်ဝေတုန်းက တောင်းတွေနဲ့ စီးပွားဖြစ်ယူကြလို့ အခက်အခဲတချို့ ရှိခဲ့တယ်လို့  မျှဝေခြင်း အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုမောင်မောင်သန့်နိုင်က ပြောပါတယ်။

ဒါ့အပြင် မျှဝေခြင်းအစီအစဉ်ကနေ အဝတ် Mask တွေ အခမဲ့ဖြန့်ဝေပေးပြီး Quarantine စင်တာတွေမှာ လိုအပ်တဲ့ ရေသန့်ဘူးတွေ၊ အစားသောက်တွေကိုလည်း လှူဒါန်းပေးထားတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရပ်ကွက်ကျေးရွာတွေကို DMG ကားမောင်းသူများအဖွဲ့က ကား ၂၄ စီးနဲ့ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေလက်ထဲ ရောက်အောင် ဂေါ်ဖီထုပ်တွေကို ဖြန့်ဝေပေးနေတာလို့ သိရပါတယ်။

မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013